14.9.07

စိတ်အခွင့် အရေး ။

စိတ်အခွင့် အရေး ။ မျက်စိကို အသာလေး မှိတ်ထားပါ။ ခါးကို မတ်မတ်ထားပါ။ ခေါင်းကို မတ်မတ်ထားပါ ။ တစ်ကိုယ်လုံးမှာ ရှိတဲ့ အကြောတွေကို လျှော့ထားပါ။ တရားက စိတ်အလုပ်ပါ။ စိတ်အခွင့်အရေးပါ။ လူ့အခွင့်အရေး မဟုတ်ပါဘူး။ လူ့အခွင့်အရေး မဟုတ်လို့ လူ့အခွင့်အရေး အပြည့်အ၀ရှိတဲ့ နိုင်ငံခြားသားတွေတောင် စိတ်အခွင့်အရေးဆုံး ရှုံးနေလို့ တရားလာ ပြီးတော့မှ အားထုတ်ရပ်ါတယ်။ တစ်ကယ် ရှိတာက ဘာမှ မဟုတ်တဲ့ စိတ်ပါ။ လူရှိတာ မဟုတ်ပါဘူး။ လူဆိုတာ သတ်မှတ်ချက်ပါ။ စိတ်အခွင့်အရေး မဆုံးရှုံှးတော့ရင် စိတ်ရဲ့ အရိပ်ဖြစ်တဲ့ လူ့ဆို တာလဲ အခွင့်အရေး ပြည့်ဝပြီးသားပါ။ တစ်ကယ့် သစ္စာအစစ် ကတော့ စိတ်နဲ့သိရမယ့် တရားပါ။ လူသိ တဲ့ သစ္စာက လူလောကထဲက သစ္စာတရားပါ။ လူသိတဲ့ ဘုရားက ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ ဂေါတမမြတ်စွာ ဘုရားပါ။ စိတ်ကသိတဲ့ ဘုရားအစစ်ကတော့ ဒီလို ပညတ်နဲ့ပရမတ်ကို တစ်ကယ်ရှိတာနဲ့ မရှိတာကို ကွဲကွဲ ပြားပြားသိတဲ့ အသိပါ။ အမှားနဲ့အမှန် အကြောင်းနဲ့အကျိုးကို အတုနဲ့အစစ်ကို ကွဲကွဲပြားပြား သိတဲ့ဥာဏ်ပါ။ ကိုယ့်ကိုယ်ကိုလူထင်နေရင် စိတ်ရဲ့ အခွင့်အရေး ဆုံးရှုံးနေပါတယ။် ကိုယ့်မှာ လူစွဲပြုတ်သွားရင် စိတ၊် စေတသိက၊် ရုပ်၊ ခန္ဓာငါးပါး က ဘာမှမဟုတ်ဘူး။ အနိစ္စ၊ ဒုက္ခ၊ အနတ္တပါပဲ။ အတ္တမဟုတ်ဘူး။ လုံးဝ အတ္တကင်း ပါတယ်။ လုံးဝအနတ္တ ဆိုက်ပါတယ်။ လူတွေ ရှုထောင့်က ကြည့်နေလို့ တရားက ဘာမှန်းမသိ ဖြစ်နေပါတယ်။ ဓမ္မရှုထောင့်က ကြည့်လိုက်ရင် ဘာမှမဟုတ်ဘူး။ ဒါကို ဦးဇင်းတို့က ဘာမှမဟုတ်တဲ့ တရားကို ဟောတယ် ဆိုတာက ဓမ္မရှုထောင့်က ဟောပါတယ်။ လူရှုထောင့်ကို စွန့်လွှတ်နိုင်မှ လူ့အခွင့်အရေး အရေး ကြီး မနေမှလူ့ စိတ်ရဲ့ အခွင့်အရေး အရေးကြီးလို့ရပါမယ်။ လူ့ရှုထောင့်စွန့်နိုင်မှ စိတ်ရဲ့ရှုထောင့်က ကြည့်လို့ ရပါမယ်။ စိတ်ဆိုပေမယ့်လည်း ကိုယ်ကြည့်နေကျ ကိုယ်အားကိုးနေကျ ကိုယ်လုပ်နေကျ စိတ်ရဲ့မနောကံရှုထောင့်မဟုတ်ပါဘူး။ ငါစွဲကင်းနေတဲ့ ပြုလုပ်ခြင်းကင်းတဲ့ တွေးတောကြံစည်ခြင်းကင်းတဲ့ အနတ္တရှုထောင့်က ပြောင်းပြီးကြည့်နိုင်ဖို့ ကြိုးစားရပါမယ်။ ကိုယ့်ရဲ့စိတ်က အတ္တ ကင်းသွားတယ် ဆိုရင် ဘာမှလုပ်စရာ မရှိဖြစ်သွားပါမယ်။ အလုပ်လဲမရှိဘူး။ လုပ်စရာလဲမရှိဘူး။ လုပ်တဲ့စိတ်ဆိုတာလဲမရှိဘူး။ လိုချင်စရာလဲ မရှိဘူး။ လိုတယ်ဆိုတာလဲမရှိဘူး။ လောဘစိတ် ဆိုတာလဲမရှိတော့ဘူး။ အလိုကင်းသွားပါမယ်။ အပူလဲမရှိဘူး။ ပူစရာလဲမရှိဘူး။ အပူစိတ်လဲမရှိဘူး။ ဒေါသစိတ်လဲမရှိဘူး။ လုံးဝအပူကင်း သွားပါလိမ့်မယ်။ စိတ်စစ်စစ်ကတော့ စိတ်သက်သက်ကတော့ ငါဆိုတဲ့ အထင်မှားကင်းတဲ့ စိတ်ကတော့ သူ့ဟာနဲ့သူ ပြီးပြည့်စုံပြီးသားပါ။ ဘာကိုမှ မှီခိုမနေပါဘူး။ လူစိတ်လို မိဘတွေ၊ သားသမီးတွေ၊ ဆွေမျိုးတွေ၊ ယောကျာ်းတွေ၊ မိန်းမတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ စားစရာတွေ၊ ၀တ်စရာတွေ၊ နေစရာတွေ၊ လုပ်စရာတွေ၊ ဆရာတွေ၊ တပည့်တွေ၊ အိုးတွေ၊ အိမ်တွေ၊ ဘုရားတွေ၊ ကျောင်းတွေ၊ ရိပ်သာတွေ ဒါတွေကိုမှီခိုနေစရာမလိုပါဘူး။ လွတ်လပ်တဲ့စိတ်က အတ္ထကင်းတဲ့စိတ်က သဘာဝစိတ်က ဘာမှမလိုပဲနဲ့ ကိုအလိုလိုပြည့်စုံနေပါတယ်။ ပူတတ်တဲ့ သောကစိတ်မရှိပဲ အလိုလို အပူကင်းနေပါတယ်။ လူစိတ်လို စားမှ ၀တာမျိုး သင်မှတတ်တာမျိုး ပြောမှ သိတာမျိုး ဖတ်မှသိတာမျိုး စဉ်းစားမှ အကြံဥာဏ် ကောင်းတွေ ပေါ်လာတာမျိုး မဟုတ်ပဲ သူ့ဟာနဲ့သူ အလကားနေရင်းထိုင်ရင်းနဲ့ကို လိုလေသေးမရှိ ပူစရာမရှိ ပြီးပြည့်စုံနေပါတယ်။ ဘာမှမလိုအောင်ကို ဘာမှမလိုဘူးဆိုတဲ့ လိုလေသေးမရှိဘူးဆိုတဲ့ စကားလုံးကမှ သေးသိမ်နေပါတယ်။ တစ်ကယ့်အဖြစ်က ဒီထက် အဆပေါင်းမြောက်များစွာ ပိုပြီးတော့မှ ဘယ်စကားလုံး ဘယ်ပန်းချီမှ ရေးဖွဲ့လို့မမှီအောင် ဘယ်စာပန်းချီမှ ရေးဖွဲ့လို့မမှီအောင် အဖြစ်က အင်မတန် ကောင်းပါတယ်။ ကိုယ့်စိတ်က သစ္စာလေးပါးအမှန်တရားဆိုတဲ့ စိတ်ရဲ့အခွင့်အရေးနိဗ္ဗာန်ဆိုတဲ့ စိတ်ရဲ့အခွင့်အရေး မဆုံးရှုံးတော့ရင် အဖြစ်ကအင်မတန်ကောင်းပါတယ်။ အပြောကမှ ပြောစရာစကားမရှိလို့ ကောင်းချင်မှ ကောင်းပါမယ်။ စိတ်က စိတ်သက်သက်ဖြစ်သွားမယ် ဆိုရင်တော့ အနတ္တ ဆိုက်သွားမယ် ဆိုရင်တော့ စိတ်ရဲ့အခွင့်အရေးနဲ့ သစ္စာလေးပါးအမှန်တရားကို သိနိုင်တဲ့ စိတ်ရဲ့အခွင့်အရေးနဲ့ ပြည့်ဝသွားမယ် ဆိုရင်တော့ ဘယ်သူမှ စာဖွဲ့စရာ မရှိအောင်ကို ကောင်းတဲ့ အဖြစ်ကောင်းနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ အဲဒီတော့ စိတ်က ကောင်းနေရင် စိတ်က လွတ်လပ်နေရင် စိတ်က အပူကင်းနေရင် င်္ဒီစိတ်ရဲ့ အရိပ်ဖြစ်တဲ့ အဆင်းတွေ အသံတွေ စာရေးရင်လဲ စာလုံးတွေ စကားပြော ရင်လဲ စကားလုံးတွေ သွားလာ လုပ်ကိုင်နေတယ် ဆိုရင်လဲ ဒီအလုပ်အကိုင်တွေမှာ ဒါပြီးပြည့်စုံတဲ့ အပူကင်းအလိုကင်း ငါဆိုတဲ့ အထင်မှားကင်းတဲ့ အရိပ်တွေက အရှိန်အ၀ါတွေက အရိပ်ဖြစ်တဲ့ စကား တွေမှာ အသံတွေမှာ စာလုံးတွေမှာ အမူအရာတွေမှာ လွှမ်းမိုးနေတော့တာပါပဲ။ အဲဒီတော့ ပြီးပြည့်စုံနေတဲ့ စိတ်ရဲ့အခွင့်အရေးကို မဆုံးရှုံးတော့ရင် ဒါပြီးပြည့်စုံတဲ့ ရုပ်ပိုင်းဆိုင်ရာ အခွင့်အရေးပါ။ လူတွေငမ်းငမ်းတက်ဖြစ်နေတဲ့ စားဝတ်နေရေး၊ ကြီးပွါးရေး၊ ချမ်းသာရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ သားရေးသမီးရေး၊ ဆွေရေးမျိုးရေးတွေ၊ ဘာသာရေးတွေ ရှိသမျှ အရေးပေါင်းစုံ အကုန်ပြီး ပြည့်စုံသွားပါလိမ့်မယ်။ အဲဒီတော့ စိတ်အခွင့်အရေး ဆုံးရှုးံနေလို့ ကျန်တဲ့ အခွင့်အရေးတွေပါ အကုန် ဆုံးရှုံးနေရပါတယ်။ ဒါအကြီးမားဆုံး အခွင့်အရေးပါ။ လူမသိတဲ့ အခွင့်အရေးပါ။ လူကလူ့အခွင့် အရေးပဲသိတယ်။ ထမင်းနပ် မှန်အောင် စားရမယ်။ ကောင်းကောင်းနေရမယ်။ ကောင်းကောင်းမွန်မွန် ဂရုစိုက်တာ ခံရမယ်။ ဒီလူ့အခွင့်အရေးလောက်ပဲ လူလူချင်း မညှင်းပန်း မနှိပ်စက်ရဘူး။ ကြီးနိုင်ငယ်ညှင်း မလုပ်ရဘူးဆိုတဲ့ လူ့အခွင့်အရေးလောက်ပဲ နားလည်ပါတယ်။ အဲဒီလို လူ့အခွင့်အရေးပြည့်ဝရုံနဲ့ စိတ်အခွင့်အရေး အလိုကြီးလိုနေပါသေးတယ်။ အဲဒီတော့ စိတ်အခွင့်အရေး ပြည့်ဝလိုက်ရင်တော့ လူ့အခွင့်အရေးပါ စိတ်ရဲ့ အရိပ်ဖြစ်တဲ့ တကယ်မရှိတဲ့ လူ့ရဲ့ အခွင့်အရေးပါ ပြီးပြည့်စုံ သွားလိမ့်မယ်။ ဒါက ပန်းတိုင်ကို ချပြပါတယ်။ ဒီပန်းတိုင်ကို ရောက်ဖို့ နည်းလမ်းက ဘုရားရှင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ရှာဖွေဖော်ထုတ်ခဲ့တဲ့ မဂ္ဂင်ရှစ်ပါးတစ်ကြောင်း တည်းသော လမ်းပါပဲ။ ဒီလမ်းပေါ်ကို ရောက်ရှိဖို့အတွက် စိတ်သက်သက်နဲ့ ကြိုးစားရပါလိမ့်မယ်။ ခြေထောက် မပါစတမ်း လက်မပါစတမ်း၊ ဦးနှောက်မပါစတမ်း၊ ပါးစပ်မပါစတမ်း ဘာပဲပါရမလဲဆိုတော့ စိတ်ပဲပါရပါမယ်။ ဘောလုံးကန်တယ်ဆို ခြေထောက်သက်သက်ပဲ ပါရပါမယ်။ လက်ဝှေ့ထိုးသလို လက်သက်သက်ပဲပါရပါမယ်။ အခုကလဲ တရားအလုပ်ကစိတ်သက်သက်ပဲပါရပါမယ်။ စည်းကမ်းဖောက်ရင် မတရားဖြစ်သွားပါလိမ့်မယ်။ သားပဲ သမီးပဲ ဆိုပြီး စိတ်ရောက်သွားရင် ဆွေပဲမျိုးပဲ အလုပ်ပဲ အကိုင်ပဲ ဘာကိစ္စ ညာကိစ္စပဲဆို ပြီးတော့မှ ဘယ်အချိန်ပဲ ဘယ်နေရာပဲ ဆိုပြီး လူတွေသတ်မှတ် ထားတာတွေကို ဂရုစိုက်လိုက်ရင် ဒါစိတ် အခွင့်အရေးအတွက်အရေးကြီးတာ မဟုတ်တော့ပဲ ကိုယ်တစ်သံသရာ လုံးကြီးလာခဲ့တဲ့ ရုပ်အခွင့်အရေး ပုဂ္ဂိုလ်သတ္တ၀ါ အခွင့်အရေး ဖြစ်သွားပါပြီ။ လူ့အရေးဖြစ်သွားပါပြီ။ အဲဒီတော့ကိုယ်နိုင်ရာကိုင်မနေပါနဲ့။ ကိုယ်ကြီးတတ်တဲ့ အရေးပဲ ကြီးနေလို့ခွေးက ပါးစပ်ပိတ်လို့မရပဲ တဟောင်တည်း ဟောင်နေရတော့တာ ပေါ့။ အမဲရိုးပဲ ကိုက်နေရတော့တာ။ အဲဒီလို လုပ်တတ်တာ လုပ်လို့ မစင်ပုံပဲ လျှက်နေရတော့တယ်။ အဲဒါ ကိုယ်စွဲနေတာလုပ်လို့ ကိုယ်လဲ လူ့ဘ၀မှာ လုပ်တတ်တာပဲ လုပ်နေရင် ကိုယ်နားလည်တာဘုရားလုပ်နေ ရင် အဲဒီတော့ ကိုယ်တိရိစ္ဆာန်ဖြစ်တဲ့ဘ၀မှာလဲ စွဲတာပဲ လုပ်ရတော့မှာပဲ တိရိစ္ဆာန် ထုံးတမ်းအစဉ်အလာပဲ လိုက်နာရတော့မှာ လူ့ဘ၀မို့လို့ အသိဥာဏ်ရှိလို့ ကိုယ့်ရဲ့အဖြစ်ဆိုးကြီးကို အဖြစ်ဆိုးမှန်း သိခွင့်ရနိုင် တာပါ။ သိနိုင်ခွင့်မရှိတဲ့အခြေအနေရောက်သွားရင်တော့ ဦးဇင်းတို့လဲ ဘာမှမတတ်နိုင်တော့ဘူး။ အဲဒီ တော့စိတ်အခွင့်အရေးတိုက်ပွဲ ပထမဆင့်အနေနဲ့ ကိုယ့်ကိုယ်ကို ဖြစ်ရုံသက်သက် သဘောပရမတ်က လေးအဖြစ်သာ လက်ခံပါ။ စွမ်းအင်သတ္တိအဖြစ်သာလက်ခံပါ။ တစ်ခုခုလို့မယူပါနဲ့။ တစ်ယောက်ယောက် လို့ကိုယ်နဂို ယူနေကျ အယူတွေကို စွန့်လွှတ်ပါ။ တစ်ချိန်ချိန် တစ်နေရာရာဆိုတဲ့ ဆိုင်းဘုတ်တွေကို လူ တွေကိုင်နေကျ လက်နက်တွေကို စွန့်လွှတ်ထားပါ။ ဖြစ်ရုံသက်သက် သဘောလေးလို့သာလက်ခံပါ။ ဒါတိုက်ပွဲရဲ့ ပထမအဆင့်မှာ သဘောပရမတ်လက်နက်ကိုကိုင်ပါ။ ဒါလက်နက်ကိုင်တာမှန်ဖို့လိုပါတယ်။ သူ့အနာနဲ့သူ့ဆေးနဲ့ အ၀ိဇ္ဇာအနာကို ၀ိဇ္ဇာဆေးနဲ့ကုရပါမယ်။ တစ်ကိုယ်လုံးမှာ ရှိတဲ့ အကြောတွေကို လျှော့ထား အံမကြိတ်နဲ့ မာန်မတင်းနဲ့ ပါးစပ်လက်နက်တွေကိုစွန့်လွှတ်ထား မာန်မာန လက်နက်တွေကို ချထား အကြော လက်နက်တွေကို စွန့်လွှတ်ထား ကိုယ်ကိုင်နေကျ လက်နက်တွေကို မစွန့်နိုင်လို့ ကိုင်နေကျမဟုတ်တဲ့ ဓမ္မလက်နက်ကို ပရမတ်လက်နက်ကို ကိုင်လို့မရဖြစ်နေတာ။ ရှေးခေတ်က စစ်သည်တော်တွေလို ဓါးတွေ၊ လှံတွေ မစွန့်နိုင်ရင် သေနတ်ကိုင်လို့မရဘူး။ အဲဒီတော့ ခေတ်မှီ တပ်မတော်ကြီး ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီတော့ တရားအလုပ်မှာလဲ နဂိုကိုင်နေကျ လက်နက်ဟောင်းတွေကို မစွန့်နိုင်ရင် ပရမတ်လက်နက် ဘာမှမဟုတ်တဲ့ အနတ္တလက်နက်ကို ကိုင်လို့မရဘူး။ မျက်မှောင်မကုတ်နဲ့။ မျက်တောင်မခတ်နဲ့။ အံမကြိတ်နဲ့။ မာန်မတင်းနဲ့။ ကိုယ်တိုင်လဲသဘော၊ ကိုယ့်စိတ်ထဲမှာ ပေါ်တာတွေကိုလဲ သဘောလေးသက်သက်လို့သာ လက်ခံပါ။ ကြားတဲ့သဘောက ထင်ရှားနေရင်လဲ ကြားရုံသက်သက်သဘောလေးကိုသာ တိုက်ရိုက်သိနေပါ။ ကြားရုံသက်သက် သဘောလေးကိုသာလက်ခံပါ။ နဂိုသိနေကျ ဘယ်သူပြောတယ်၊ ဘာပြောတယ်၊ ဘာအဓိပ္ပါယ်ဆိုတဲ့ မကယ်နိုင်မယူနိုင်တဲ့ အသိတွေကိုဘေးချိတ်ထားပါ။ လူသိကို စွန့်လွှတ်ထားပါ။ လူ့အခွင့်အရေးကို ဘေးချိတ်ထားလိုက်ပါ။ ယောဂီအခွင့်အရေးတွေကို ဘေးချိတ်ထားပါ။ တကယ်အရေးကြီးတဲ့ စိတ်ရဲ့အခွင့်အရေးအတွက်တိုက်ပွဲဝင်ပါ။ ဒါကို ဦးဇင်းတို့ ဘုန်းကြီးဖြစ်ပြီးတော့မှ ဘုန်းကြီးအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာမဟုတ်ဘူး။ ဘုန်းကြီး အကြောင်းပြောနေတာလဲ မဟုတ် ဘူး။ အဲဒီတော့ ကိုယ်ကလဲ လူပဲဆိုပြီးတော့ လူစွဲ စွဲမနေပါနဲ့။ ယောက်ျားပဲ၊ မိန်းမပဲဆိုပြီး ယောက်ျားအခွင့်အရေး၊ မိန်းမအခွင့်အရေး ကြီးမနေပါနဲ့။ ဖြစ်ရုံ သက်သက် သဘော ပရမတ် အရေးကိုကြီးပါ။ တစ်သံသရာလုံး ဆုံးရှုံးနေခဲ့တဲ့ စိတ်ရဲ့အခွင့်အရေးအတွက် ဘုရား၊ တရား၊ သံဃာ အားကိုးပြီးတော့မှ တိုက်ပွဲဝင်ပါ။ ကိုယ်တိုင်လဲသဘော၊ ကိုယ့်စိတ်ထဲမှာ ပေါ်နေတာတွေကလဲ သဘောလေး သက်သက်ပါပဲ။ ၀င်လေ ထွက်လေမှာ စိတ်ရောက်နေတယ်ဆိုလဲ ၀င်လေ၊ ထွက်လေ ထင်ရှားနေရင်လဲ ၀င်လေ၊ ထွက်လေနဲ့ နှာသီးဖျားထိခိုက်လို့ ပေါ်လာတဲ့ ထိဆဲ ထိဆဲ သဘောလေး သက်သက်ကိုသာ တိုက်ရိုက် သိနေပါ။ ၀င်တယ်၊ ထွက်တယ်၊ ရှူတယ် ၊ရှိုက်တယ်၊ ထိတယ်၊ သိတယ် ဆိုတဲ့စကားလုံး ပညတ်တွေကို စွန့်လွှတ်ထား။ အဲဒီအသိတွေကို အားမကိုးနဲ့။ ကိုယ်နဂိုကိုင်နေကျ လက်နက်တွေကိုချထား။ မြန်မာစကား လက်နက်တွေ ဒါတွေကို ချထား။ ဦးနှောက်လက်နက်က ချထား။ ဟိုတွေး ဒီတွေးမတွေးနဲ့။ ဦးနှောက်ရဲ့အရာမဟုတ်ဘူး။ ဦးနှောက်အခွင့်အရေး မဟုတ်ဘူး။ ဦးနှောက်နဲ့ နားလည်နိုင်တဲ့ အသိဥာဏ် မဟုတ်ဘူး။ ဦးနှောက်ကောင်းလို့ ဘုရား ဖြစ်သွားတာ မဟုတ်ဘူး။ အာရုံတွေ ပေါ်နေတယ် ဆိုလဲ ပေါ်နေတယ် ဆိုတဲ့သဘောလေး သက်သက်ကိုသာ တိုက်ရိုက်သိနေပါ။ တစ်ခုခု သိနေတယ်ဆိုလဲ သိနေတယ်ဆိုတဲ့ သဘောလေး သက်သက်ကိုသာ တိုက်ရိုက်သိနေပါ။ နဖူုးထက်မှာ စိတ်ရောက်နေတယ်ဆိုလဲ သိရုံသက်သက် သဘောလေးကိုသာ တိုက်ရိုက်သိနေပါ။ အကြောတွေကိုလျှော့ထား။ မျက်မှောင်မကုတ်နဲ့။ မျက်တောင်မခတ်နဲ့။ ကိုယ်ကိုင်နေကျ လက်နက်တွေကို မစွန့်နိုင်လို့။ ငါယောက်ျားဆိုတဲ့ လက်နက်ကို မစွန့်နိုင်လို့။ စိတ်၊ စေတသိက်၊ ရုပ်ပဲ ဘာမှမဟုတ်ဘူးဆိုတဲ့ စိတ်၊ စေတသိက်၊ ရုပ် ဆိုတဲ့ ပထမအဆင့် အနတ္တလက်နက်ကိုတောင် ကိုင်လို့မရ ဖြစ်နေတယ်။ ဒုတိယအဆင့် ဘာမှမဟုတ်ဘူးဆိုတဲ့ လက်နက်ကို အနတ္တ လက်နက်ကိုဆို ပိုပြီးတော့မှ ဝေးနေပါတယ်။ အဲဒါကြောင့်လက်နက်ချပါ။ ဦးဇင်းတို့လဲ ငါဘုန်းကြီးပဲ ဆိုပြီးဟောနေတာ မဟုတ်ဘူး။ ဘုန်းကြီးလက်နက်ကို ချပြိီးးတော့မှ ဟောနေပါတယ်။ အဲဒီတော့ ကိုယ်ကလဲ ငါယောက်ျား၊ ငါမိန်းမ၊ ငါယောဂီဆိုတဲ့ လက်နက်တွေကို ချထား။နှလုံးသားမှာ ဖြစ်ဖြစ်၊ ဗိုက်မှာ ဖြစ်ဖြစ် စိတ်ရောက်နေတယ် ဆိုလဲ လှုပ်ရုံသက်သက် သဘောလေးကိုသာ တိုက်ရိုက်သိနေပါ။ လှုပ်တယ်ဆိုတဲ့ စကာလုံးပညတ်မပါစေနဲ့။ ဝေဒနာတစ်ခုခု ခံစားနေရတယ်ဆိုလဲ ဖြစ်ရုံ၊ ခံစားရုံသက်သက်သဘောလေးကိုသာ တိုက်ရိုက်သိနေပါ။ နာတယ်ကျင်တယ် ကိုက်တယ် ခဲတယ် မူးတယ် မောတယ်လို့ မသိနဲ့။ ကိုယ်တိုင်လဲသဘောကိုယ့်စိတ်ထဲမှာ ပေါ်နေတာတွေကလဲ သဘောလေး သက်သက်ပါပဲ။ ဒါပရမတ်လက်နက်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုငိ်တတ်ဖို့ကြိုးစားပါ။ နိဗ္ဗာန်ကိုစကားလုံး လက်နက်တွေနဲ့ တိုက်ပွဲဝင်လို့တော့ ဘယ်တော့မှရမှာမဟုတ်ဘူး။ ငါဘုရားလောင်းပဲ၊ ငါရဟန္တာလောင်းပဲ၊ ဘာလောင်း ညာလောင်းဆိုပြီးတော့မှ ငါပါရမီရှင်ပဲ ဆိုတဲ့ စကားလုံးလက်နက်တွေနဲ့ နိဗ္ဗာန်အောင်ပွဲခံလို့ မရဘူး။ ဆုံးရှုံးနေတဲ့ စိတ်ရဲ့အခွင့်အရေးကို စကားလုံးတွေနဲ့ တောင်းယူလို့မရဘူး။ အလုပ်နဲ့မှ ရတာ ပြောချင်တဲ့စိတ်ကို စကားလုံးလက်နက်တွေ စွန့်ပြီး ပထမအဆင့် ပရမတ်လက်နက်ကို ကိုင်ရမယ် စွမ်းအင်သတ္တိ လက်နက်လေးကို ကိုင်ရမယ် ကိုယ်တိုင်လည်း သဘော ကိုယ်စိတ်ထဲမှာ ပေါ်နေတာလည်း သဘောသတ္တိအဖြစ်နဲ့ပဲ သိပါ။ တခြားအသိ တွေကို နဂိုအသိတွေကို စွန့်လွတ်ထား ဦးဇင်းလည်း ဘာအကြောင်းမှ ပြောနေတာ မဟုတ်ဘူး ဘယ်သူ့အကြောင်းမှပြောနေတာ ဘယ်တရား အကြောင်းမှ ပြောနေတာလည်း မဟုတ်ဘူး ဒါကိုဦးဇင်းရဲ့ စိတ်နဲ့အပေးအယူလုပ်ပါ ဘယ်သူ့စိတ်ထဲ မှလည်း ဘာမှမရှိဘူး အဲဒီတော့ ကိုယ်စိတ်ထဲမှာလည်း ဘာ မှလက်မခံပါနဲ့ သဘောလေးသက်သက် ဒါကိုသာ တိုက်ရိုက်သိပါ ဘာပဲညာပဲဆိုတဲ့ လူသိမသိပါနဲ့ ကိုယ်တိုင်လည်း သဘော ပရမတ် စွမ်းအင်သတ္တိ စိတ်ထဲမှာ ပေါ်နေတာတွေကိုလည်း သဘော ပရမတ်စွမ်းအင် သတ္တိအဖြစ်သာ သိနေပါ ပရမတ်လက်နက်ကို ကိုင်ပါ ကိုင်ပါများမှ ကျွမ်းကျင်လာမယ် ဒါကို ဦးဇင်းတို့က တရားအားကိးု ပြီးမှ ဟောတာပါ ဗမာစကား ပါဋ္ဌိစကားတွေကို အားကိုးပြီး ပြောနေတာမဟုတ်ဘူး ပရမတ်တရား ဘာမှမဟုတ်တဲ့ အနတ္တတရား ဒီလက်နက်ကို ကောင်းကောင်းကိုင် တတ်သွားလို့ အဲဒီလက် နက်နဲ့ သာသနာ ပြုပါတယ်။ ဒုန်းပျံဆိုရင် ဒုန်းကွင်းဒုန်းနဲ့ ကာကွယ်အုံးမယ် သေနတ်ဆိုရင် ကျည်ကာမှန်တွေနဲ့ ကာကွယ်လို့ရဦးမယ် ကျည်ကာ အင်္ကျီတွေနဲ့ ကာကွယ်လို့ရသေးတယ် စကား လက်နက်တွေကို စကားလုံးလက်နက်တွေနဲ့ ပြန်လည်ချေပလို့ရဦးမယ် အဆိပ်လက်နက်ကို ဖြေဆေး လက်နက်နဲ့ ကာကွယ်လို့ရဦးမယ် အဲဒါက သဘောလေးသက်သက် ဘာမှန်းမသိတဲ့ လက်နက်ပဲ အဏုမြူဗုံးလို နယူးကလီးယားစွမ်းအင်တွေလို ဒါအနတ္တစွမ်းအင် အစွမ်းထက်ဆုံး အင်မတန်သိမ်မွေ့တဲ့ ပရမတ်စွမ်းအင် ပထမအဆင့်မှာ ပရမတ်လက်နက် ဒီကိလေသာကို အဏုမြူဗုံး နယူးကလီးယား စွမ်းအင်တွေနဲ့ ချေဖျက်လို့ မရတဲ့ ကိလေသာကို ဒါပရမတ်စွမ်းနဲ့ အနတ္တစွမ်းအင် နဲ့ချေဖျက်မှ ရပါမယ် အဲဒါကြောင့် ကိုယ်နားမလည်တဲ့ ကိလေသာရန်သူကို အပြတ်ရှင်းဖို့ ကိုယ်နားမလည်တဲ့ စိတ်ရဲ့အခွင့် အရေးကို ရရှိဖို့ ကိုယ်ကိုင်နေကျ မဟုတ်တဲ့ ဖြစ်ယုံသက်သက် သဘောလေးပရမတ်လေးကို လက်နက် အဖြစ်နဲ့ကိုင်ပါ။ အလေ့အကျင့်ပြုလုပ်ပါ။ စိတ်ကပါပဲညာပဲမသိနဲ့ အဲဒီအသိတွေကို လက်မခံနဲ့ ကိုယ်တိုင် လည်းသဘော ကိုယ့်စိတ်ထဲမှာ ပေါ်နေတာ လည်း သဘောလေးသက်သက်ပဲ ဆိုပြီးမှ ပရမတ်လက်နက် ကို ကိုင်တတ်ဖို့ ကြိုးစားပါ ။ ဦးဇင်းတို့ ပြောရုံသက်သက်လေး ပြောနေပါတယ် ငါမပါပဲနဲ့ ပြောနေပါတယ် ပရမတ်လက်နက်ကို အားကိုးပြီးတော့မှ တရားဟောနေပါတယ် ပရမတ်လက်နက်ကို ကိုင်တတ်ဖို့ နဂို ကိုင်နေကြလက်နက်တွေကို စွန့်လွတ်ထား ဘယ်နေရာပဲ ဘယ်အချိန်ပဲ ဘယ်သူပဲ တရားထိုင်နေတာပဲ ဆိုရင် ဒါလူတွေကိုနေကြ လက်နက်ဖြစ်နေပြီး အဲဒီ အသိတွေကို စွန့်လွတ်ထား ၊ ဒါဒုတိယအဆင့် စိတ်အခွင့်အရေး တိုက်ပွဲရဲ့ ဒုတိယအဆင့်အနေနဲ့ ပထမအဆင့်မှာ လက်ခံလိုက်တဲ့ ပရမတ်လက်နက် ကိုပါ သဘောလေးတွေ ဖြစ်သမျှကို ဖြစ်တယ်ဆိုတာ လူတွေသိတဲ့ ကျောင်းသားဖြစ် ကျောင်းသူဖြစ် မဟုတ်ဘူး မိဘဖြစ် သားသမီးအဖြစ် မဟုတ်ဘူး ခွေးအဖြစ် ကြောင်အဖြစ်ကို ပြောတာမဟုတ်ဘူး လူကောင်းအဖြစ် လူမမာ အဖြစ်ပြောတာ မဟုတ်ဘူး အပျို ၊ လူပျိုအဖြစ်သာ အိမ်ထောင်သည် အဖြစ် ဖြစ်သာ ကိုပြောတာမဟုတ်ဘူး။ ဘုန်းကြီးအဖြစ် ၊ သီလရှင်အဖြစ်ပြောတာမဟုတ်ဘူး တဖျတ်ဖျတ်နဲ့ဖြစ် နေတဲ့ သဘောပရမတ်ကလေးတွေကို ဘာမှမဟုတ်ဘူးလို့ ဆုံးဖြတ်ချက်ချပါ မရှိတာတွေကို မရှိသလို ဘေးချိတ်ထားပြီးတော့မှ တကယ်ရှိနေတဲ့ ဖြစ်ရုံသက်သက် သဘောလေးတွေကိုသာ ပရမတ်လေးတွေကိုသာ ဘာမှမဟုတ်ဘူးလို့ ဆုံးဖြတ်ချက်ချ ဒါကဘာမှမဟုတ်တဲ့ လက်နက်ကို တပ်ဆင်ပါပြီး ဘာမှမဟုတ်တဲ့ လက်နက်ကို ကိုင်တတ်ဖို့ လေ့ကျင့်ပေးနေပါပြီး ဒီလက်နက်ကိုင်တတ် သွားရင် နောက်အသုံးချနည်းက အသုံးချတတ်ဖို့ကထပ် ပြီးတော့မှ လိုသေးတယ်။ ပိုက်ဆံရှာတတ် ရုံနဲ့ မပြီးဘူး ဒီပိုက်ဆံကို သုံးတတ်ဦးမှ တရားကလည်း နားလည်ရုံနဲ့ မပြီးသေးဘူး ။ အသုံးချတတ်ဖို့လိုပါတယ် ဒါမှအများအကျိုးဆောင်ရွက်နိုင်ပါတယ်။ ဒုတိယအဆင့်မှာ ကိုယ့် ကိုယ်ဘာမှမဟုတ်ဘူးလို့သာ ဆုံးဖြတ်ချက်ချလိုက်တော့ ကိုယ်မှာလည်း သဘောပရမတ်တွေ စွမ်းအင်သတ္တိ တွေပဲရှိတယ် အဲဒါတွေကို ဘာမှမဟုတ်ဘူးဆိုပြီး ဆုံးဖြတ်ချက်ချပါ ဘာမှမဟုတ်ဘူးလို့သာ မပြတ်တရ စပ် ရွတ်နေပါ ဖြစ်သမျှ ဘာမှမဟုတ်ဘူး ပြုလုပ်သမျှ ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ဘူး လို့ရွတ်နေတာ လေးက ဘာမှမဟုတ်ဘူး ပြုလုပ်သမျှဘာမှမဟုတ်ဘူး လို့ရွတ်နေတာလေးကဘာမှမဟုတ်ဘူး ပြုလုပ်သမျှဘာမှမဟုတ်ဘူး အင်မတန်အပြစ်ကင်းတဲ့ တရားပါပဲ ဘယ်သူကိုမှ မစွပ်စွဲဘူး ဘယ်သူကိုမှအပြစ်မတင်ဘူး ကိုယ့်ကိုယ်ပဲ ထုတ်ဖော်ကြေငြာပါတယ်။ ကိုယ့်ရဲ့သိက္ခာကိုသာ ကိုယ်ချပါတယ် ဘယ်သူ့သိက္ခာ မချဘူး ကိုယ်ကိုယ့်ကိုပဲ စွပ်စွဲပါတယ် ဘယ်သူ့ကိုယ်မှမစွပ်စွဲဘူး ကိုယ်စိတ်နဲ့ကိုယ်ပဲ အလုပ်လုပ်ပါတယ် ဘယ်သူ့မှမမှီခိုဘူး သိသမျှဘာမှမ ဟုတ်ဘူး ဘာမှမဟုတ်တာက ဘာမှမဟုတ်ဘူး ဘာမှမေးစရာမလိုအောင် ဘာမှရှင်းစရာမလိုအောင်ကို ရှင်းနေတဲ့ တရားပါပဲ ဘာလည်းမဟုတ်ဘူး ဘာမှမဟုတ်ဘူး ဘာလည်းလို့မေးစရာမလိုအောင် တစ်ခုခု မဟုတ်ဘူးတစ်ယောက်ယောက်မဟုတ်ဘူး တစ်ချိန်ချိန် တစ်နေရာရာမဟုတ်ဘူး လူသားတစ်ယောက် အနေနဲ့ သိနေတဲ့အသိတွေ ဘာတစ်ခုမှမဟုတ်ဘူး လူသားတစ်ယောက်အနေနဲ့သိချင်နေလို့ သိမှာမဟုတ်ဘူး ဘာမှမဟုတ်တာကို ဘာပဲညာပဲ တစ်ခုခုပဲ တစ်ယောက်ယောက်ပဲ တစ်ချိန်ချိန်ပဲ တစ်နေရာရာဆိုတဲ့ အထင်မှားတွေနဲ့ နားလည်စရာမရှိဘူး။ အဲဒါတွေမဟုတ်ဘူး။ ဘာလဲဆိုတော့ဘာမှမ ဟုတ်ဘူး။ဘယ်သူလဲဆိုတော့ ဘယ်သူမှမဟုတ်ဘူး။ ဘာတရားလဲဆိုတော့ ဘာတရားမှမဟုတ်ဘူး။ ဘာအကြောင်းလဲဆိုတော့ ဘာအကြောင်းမှမဟုတ်ဘူး။ ဘာကိစ္စလဲဆိုတော့ ဘာကိစ္စမှမဟုတ်ဘူး။ ဘာအရေးလဲဆိုတော့ဘာအရေးမှမဟုတ်ဘူး။ ကိုယ်ကိုင်နေကျတစ်ခုခု တစ်ယောက်ယောက်တစ်ချိန်ချိန် တစ်နေရာရာ လက်နက်တွေကို စွန့်လွှတ်ခိုင်းနေတာပါ။ ဘာမှမဟုတ်ဘူးလို့သာ မပြတ်တရစပ် ရွတ်နေခြင်းအားဖြင့်ကိုယ်နားမလည်တဲ့အလုပ်ကိုလုပ်နေခြင်းအားဖြင့်ကိုယ်နားလည်တာ ကိုယ်လုပ်နေတဲ့ အလုပ်တွေကို ကန့်ကွက်ထားတာပါ။ ကိုယ်ကိုင်နေကျလက်နက်ကို စွန့်လွှတ်ခိုင်းထားတာပါ။ တစ်ကိုယ်လုံးမှာရှိတဲ့ အကြောတွေကို လျှော့ထား မျက်စိကိုအသာလေးမှိတ်ထား အံမကြိတ်နဲ့ မာန်မတင်းနဲ့ မျက်မှောင်မကုတ်နဲ့ မျက်တောင်မခတ်နဲ့ စိတ်စွန့်စားခန်း ထွက်ကြည့်ပါ။ စိတ်ကလေးကမသွားဘူးတဲ့ခရီးကိုသွားတာပဲ မလုပ်ဘူးတဲ့ အလုပ်ကို လုပ်တာပဲ မသွားဘူးတဲ့ခရီးက နိဗ္ဗာန်ခရီးပဲ ရွှေတိဂုံဘုရားကတော့ ရောက်ဘူးလှပြီ။ လတွေ အင်္ဂါဂြိုလ်တွေကလဲ စိတ်နဲ့ရောက်ဘူးလှပြီ။ ခုက မလုပ်ဘူးသေးတဲ့ အလုပ်ကို လုပ်တာပါ။ ဟိုတွေးဒီတွေး၊ ဟိုလုပ်ဒီလုပ်ကတော့ မနောကံနဲ့ လုပ်ဘူးလှပြီ။ ကာယကံနဲ့လဲ လုပ်ဘူးလှပြီ။ လုပ်နေကျအလုပ်ကို စွန့်လွှတ်ပြီးတော့မှ စိတ်စွန့်စားခန်းထွက်ပါ။ စွန့်စားရဲမှ အသက်စွန့် သားစွန့် မယားစွန့် အရိုးအကြောအသွေးအသားစွန့် ဒါမျိုးမဟုတ်ဘူး။ ဒါသေတော့လဲစွန့်တာပဲ။ အဲဒီလိုစွန့်တာ မဆန်းဘူး။ စိတ်က နဂိုလုပ်နေကျ စိတ်ရဲ့ ထုံးတမ်းအစဉ်အလာ ကိစ္စစွန့်ပါ။ ပုဂ္ဂိုလ်သတ္တ၀ါတေ ဘိုးတော်တွေ နတ်တွေကို စွန့်တာမဟုတ်ဘူး။ ထာဝရဘုရားကို စွန့်လိုက်တာမျိုး မဟုတ်ဘူး။ ဘာသာပြောင်းတာကိုပြောတာမဟုတ်ဘူး။ ဒါတွေက စွန့်ခဲ့လှပြီ။ တစ်သံသရာလုံး ချစ်လို့ယူလိုက် မုန်းလို့ကွာရှင်းပြတ်စဲလိုက် စွန့်လိုက် ယုံကြည်လို့ကိုးကွယ်လိုက် မယုံတော့လို့ မကိုးကွယ်တော့လိုက် ဒါတွေကများလှပြီ။ အခုဟာက ကိုယ်နဂိုမစွန့်ဘူးတဲ့ ဘာပဲညာပဲဆိုတဲ့အသိတွေကို အကုန်စွန့်။ တစ်ခုခုပဲ တစ်ယောက်ယောက်ပဲ တစ်ချိန်ချိန်ပဲ တစ်နေရာရာပဲဆိုတဲ့ အသိတွေကိုအကုန်စွန့် ဘာမှမဟုတ်တဲ့ အမှန်တရားကို အားကိုးပြီးစွန့်ပါ။ တစ်ကယ့် စိတ်စွန့်စားခန်းပါပဲ။ ကြောက်တတ်ရင်တော့ စိတ်က လုပ်ရဲမှာ မဟုတ်ဘူး။ မလုပ်ရဲလို့လုပ်ရဲအောင် လို့တူရာတူရာ စိတ်ခြင်း ပေါင်းပြီးတော့မှ ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲတာပါ။ စုပေါင်းဘုရားဖူး ထွက်သလို စိတ်တွေစုပေါင်းပြီးတော့မှ စွန့်စားခန်းထွက်တာပဲ။ အဲဒီတော့ ဒုတိယအဆင့်မှာ ကိုယ့်ရဲ့စိတ်ကို ဖြစ်ခွင့်မပေးနဲ့။ အဲဒါကိုက ကိုယ့်စိတ်ကို ကိုယ်စွန့်တာ စိတ်လက်နက်ကို ချတာ ဒါဘယ်တုန်းကမှ မစဉ်းစားဘူးတဲ့ စိတ်ကို လက်နက်ပဲ ငါ့စိတ်ပဲ အဖြစ် သိမ်းပိုက်နေတာ ဒါစိတ်လက်နက်ကိုင်ပီး စိတ်အားကိုးပြီးတော့မှ မိုက်လုံးကြီးနေတာပဲဆိုတာ နည်းနည်းမှ ရိပ်မိဖို့တောင် မလွယ်ပါဘူး။ စိတ်လက်နက်ကို ချရကောင်းမှန်းသိဖို့ တောင်မလွယ်ပါဘူး။ စိတ်အခွင့်အရေးဆိုတာ ကြားဘူးဖို့တောင် မလွယ်ပါဘူး။ မလွတ်လပ်တဲ့စိတ်က ယောကျာ်းထောင် မိန်းမထောင် အိမ်ထောင် ရိပ်သာထောင် ရုံးထောင် ကျောင်းထောင်ထဲမှာ ကျနေတယ် နိုင်ငံဆိုတဲ့ ထောင်ထဲမှာ ကျနေတယ်။ ကမ္ဘာဆိုတဲ့ ထောင်ထဲမှာ ကျနေ တယ်။ လွတ်လပ်တဲ့စိတ်က အဲဒီအစွဲတွေ ဘာတစ်ခုမှမရှိဘူး။ ထောင်ထဲ က လူကလည်း ထောင်ထဲပဲ ငါထောင်သားပဲ ဆိုပြီးစိတ်ထဲမှာ ရောက်နေသလိုပေါ့။ လူမမာက နေကောင်းဖို့ ပဲ နေကောင်းချင် တဲ့စိတ်က ဖြစ်နေသလိုပေါ့။ ငါရောဂါသည်ပဲဆိုတဲ့ အစွဲကရှိနေသလိုပေါ့။ မကောင်းတာကြီးစွဲနေလို့ ကောင်း ချင်နေတာပေါ့။ ထောင်ကျတာ ကြီးစွဲနေလို့ ထောင်လွတ်ချင်နေတာပေါ့။ ဘာမှမဟုတ်ဘူးလို့သာ ဆုံးဖြတ် ချက်ချနေပါ။ ကိုယ့်ရဲ့ စိတ်လက်နက်ကိုချပါ။ ဦးဇင်းတို့ စိတ်လက်နက်ကို ချထားလို့ မိဘက တပ်ဆင်ပေးလိုက်တဲ့ သားသမီးဆိုတဲ့ လက်နက်ကို ချပြီးဆရာက တပ်ဆင်ပေးလိုက်တဲ့ တပည့်ဆိုတဲ့ လက်နက်ကိုချပြီး လူမျိုးက တပ်ဆင် ပေးလိုက်တဲ့ ဘာလူမျိုးဆိုတဲ့ လက်နက်ကို ချပြီး နိုင်ငံက တပ်ဆင်ပေးလိုက်တဲ့ ဘာနိုင်ငံသားဆိုတဲ့ လက်နက်ကို ချပြီး ဟောနေပါတယ်။ ဦးဇင်းရဲ့ ဥပစ္ဇျယ်ဆရာက တပ်ဆင်ပေးလိုက်တဲ့ ဘုန်ုးကြီးဆိုတဲ့ လက်နက်ကို ချပြီး ဟောနေပါတယ်။ ကိုယ်ကလဲ လက်နက်ချပါ။ ကိုယ်ကလဲ လက်နက်နဲ့ နိဗ္ဗာန်ဆိုတဲ့ ငြိမ်းချမ်းရေး နဲ့လဲလှယ်ပေးပါ။ သတ္တိရှိပါ။ တစ်ယောက်ထဲ သတ္တိ တစ်စိတ်ထဲ သတ္တိရှိတာ ကိစ္စမရှိဘူး။ အများနဲ့ရောပြီးတော့မှ စုပေါင်းပြီး သွေးလှူဒါန်းသလို စုပေါင်းပြီးတော့မှ စိတ်ကို လှူဒါန်းရပါမယ်။ စုပေါင်းပြီး စိတ်လက်နက်ချပွဲ ကျင်းပတာပါ။ အများနဲ့ လုပ်ရတာပါ။ ဘာမှ မလုပ်ရဲစရာ မရှိပါဘူး။ ဂင်္ဂါဝါလုသဲစုမကတွေ ဒီလိုပဲ စိတ်လက်နက်နဲ့ နိဗ္ဗာန်နဲ့ နိဗ္ဗာန်ငြိမ်းချမ်းရေးနဲ့ လဲလှယ်ယူသွားခဲ့တာပါ။ လူပြောပြောရရင် ရှင်ဘုရင်ဆိုတဲ့ စတြ၀တေးမင်းဆိုတဲ့ ဆိုင်းဘုတ်ကြီးကို နိဗ္ဗာန်နဲ့ လဲသွားတာပါပဲ။ အကြောတွေကို လျှော့ထား။ မျက်စိကို အသာလေး မှိတ်ထားပါ။ အံမကြိတ်နဲ့ မာန်မတင်းနဲ့ ကိုယ့်ရဲ့စိတ်ကို အသုံးမပြုနဲ့။ ကိုယ်လုပ်နေကျ အလုပ်တွေကို လုပ်နေတာ စိတ်လက်နက် ကိုင်နေပြီး သောင်းကျန်းနေတာ။ တွေးချင်ရာတွေး၊ ဆွေးချင်ရာဆွေး ၊ ပူချင်ရာပူ ၊ ကိုယ်ထင်ရာ အမှန်တရား လုပ်နေတာ စိတ်လက်နက် ကိုင်ဖြစ်နေတာ။ လက်နက်ကိုင်လို့ ကိုယ်လို လက်နက်ကိုင်အချင်းချင်း ငါ့တရား၊ သူ့တရား ၊ ငါ့မယား၊ သူ့မယား၊ ငါပိုင်၊ သူပိုင်၊ လုနေရတာပေါ့၊ လက်နက်ကိုင်လို့ အန္တရာယ်မကင်း ဖြစ်နေတာ နိဗ္ဗာန်မှာ ဘယ်လက်နက်ကိုင်မှ မရှိဘူး။ လူလောကထဲမှာ လူမျိုးလက်နက် ဘာသာလက်နက် နိုင်ငံလက်နက်တွေ ယောက်ျားလက်နက် မိန်းမ လက်နက်တွေ ကိုင်ပြီး အမျိုးမျိုးသောင်းကျန်းနေတာ ဒုတိယအဆင့်မှာ ဘာမှမဟုတ်ဘူးလို့သာ မပြတ်တရစပ် ရွတ်နေခြင်းအားဖြင့် နဂိုလုပ်နေကျ အလုပ်တွေကို စွန့်လွှတ်ထား နဂိုကိုင်နေကျ စိတ်လက်နက်တွေကို စွန့်လွှတ်ထား။ ဟိုစိတ်ပေါ် ဒီစိတ်ပေါ် ပေါ်လာရင် ပေါ်လာ တဲ့ စိတ်တွေကို ဆန့်ကျင်နေပါ။ အလိုမလိုက်နဲ့။ ကိုယ့်ရဲ့ စိတ်ကို ဂရုမစိုက်နဲ့။ စိတ်က ငိုချင်တယ်ဆိုရင် မငိုလိုက်နဲ့ ရယ်ချင်လို့မရယ်လိုက်နဲ့ ဘာမှငိုစရာမရှိဘူး။ ဘာမှရယ်စရာမရှိဘူး။ တွေးချင်လဲ ဘာမှ တွေးစရာမရှိဘူးလို့။ ကိုယ့်စိတ်ကို ဂရုမစိုက်နဲ့ စိတ်ကို ကလေးလေးအဖြစ် မွေးမြူမထားနဲ့။ ငိုချင်စိတ်ကို မွေးထားလို့ မျက်ရည်သမုဒရာလေးစင်း လောက်ကျခဲ့ရတာပါ။ သေရမှာ ကြောက်တဲ့စိတ်ကို မွေးမြူထားလို့ ဒီကမ္ဘာမြေကြီးက ကိုယ့်ရဲ့အရိုးအကြော အသွေးအသားတွေနဲ့ တည်ဆောက်ခဲ့ရလှပြီ။ အရိုးတွေတောင်လိုပုံခဲ့ပြီ။ ငါ့သွေးငါ့သားလုပ်နေလို့ ကိုယ့်အသွေးတွေက သမုဒရာလေးစင်း လောက်ကျအောင် ဆုံးရှူံးခဲ့ရပြီ။ အဲဒါတွေ မသိတာကိုက အဲဒါတွေကို လက်မခံနိုင်တာကိုက ကိုယ်နားလည်တာ တရားလုပ်နေတာ။ ကိုယ့်ကိုယ် ကို ဘုရားလုပ်နေတာ ဘုရားယောင်ဆောင်နေတာ ငါမှငါဖြစ်နေတာ အဲဒီအကျင့်ဆိုးတွေကို စွန့်လွှတ်ပါ။ ကိုယ့်လို မာန်မာနဆိုတာ ပုရွက်ဆိတ်လေး တစ်ကောင်မှာတောင် မာန်မာနက အပြည့်ရှိတာ အကောင်သာ သေးပေမယ့် အနိုင်မခံ အရှူံးမပေးဘူး။ ကိုယ့်ရဲ့ မာန်မာနလေးကို ရှေ့တန်းမတင်ပါနဲ့။ ကိုယ်လုပ်နေကျ အလုပ်တွေကို ပြတ်ပြတ်သားသားစွန့်ပါ။ ဒါကို ဦးဇင်းတို့ ပြောနေကျ စီးပွားရေးစကားတွေ လူမှုရေးစကားတွေ ဒါတွေကို စွန့်နိုင်လို့ ပြောနေကျမဟုတ်တဲ့ ဘာမှမဟုတ်တဲ့ စကားကိုပြောနေတာ။ ဘာမှမဟုတ်တဲ့ သာသနာကို ပြုနေရတာ မဟုတ်ရင် သူလို ကိုယ်လို ဗုဒ္ဓဘာသာဝင်တွေလို ဘုရားတည် ကျောင်းဆောက်ပဲ အပေါ်ယံပဲ လုပ်နိုင်မှာ။ ပညတ်ဘုရားပဲ တည်မှာပဲ ပညတ်ကျောင်းပဲ ဆောက်မှာပဲ ပရမတ်ဘုရားကိုတော့ ကိုးကွယ်တတ်မှာ မဟုတ်တော့ဘူး။ ပရမတ်ရိပ်သာကို ဆောက်တတ်မှာ မဟုတ်တော့ဘူး။ အဲဒီတော့  ဒုတိယအဆင့်မှာ ဘာမှမဟုတ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားချပါ။ ဘာမှမဟုတ်တဲ့ ပန်းတိုင်ကို ပြတ်ပြတ်သားသား သတ်မှတ်လိုက်ပါ။ ခိုင်ခိုင်မာမာ သတ်မှတ်လိုက်ပါ။ ဘာမှမဟုတ်တဲ့ အလုပ်ကို ရဲရဲရင့်ရင့်လုပ်လိုက်ပါ။ ဒါကို ဦးဇင်းတို့လဲ ဘာမှမဟုတ်တဲ့ တရားကို ရဲရဲဟောနေတာ ဒီလိုအဆင့်ဆင့် လုပ်ခဲ့တော့ ဘာမှမဟုတ်ဘူးဆိုတော့ ဘာမှပြောစရာ မရှိတော့ဘူး။ အဲဒီတော့ ဘာမှအပြစ်မရှိတော့ဘူး။ ဟိုပြောဒီပြောပြောနေရင် အပြစ်တွေက ဖြစ်နေဦးမယ်။ အဲဒီတော့ ဒုတိယအဆင့် ဘာမှမဟုတ်တဲ့ အလုပ်ကို မပြတ်တရစပ် လုပ်ရင် ဘာမှမဟုတ်ဘူးလို့ မပြတ်တရစပ် ဆုံးဖြတ်ချက်ချရင် စိတ်ရဲ့ ထုံးတမ်းအစဉ်အလာကို ချိုးရဲရင် ဘာမှမဟုတ်တဲ့ ပညတ်လက်နက်ကို ယုံကြည်ရင် ဖြစ်ပျက် ယုံဆိုတာနဲ့ မရဘူး။ ဖြစ်ပျက်က နှစ်ပေါင်းလေးဆယ်ကျော် ဖြစ်ပျက်လက်နက်က လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်ကတည်းက ပေါ်ခဲ့တာပါ။ ဖြစ်ပျက် လက်နက်နဲ့ ကိစ္စပြီးမယ် ဆိုရင်တော့ ဒီဘာမှမဟုတ်တဲ့ လက်နက်က ဘာမှမဟုတ်တဲ့ ပညတ်ကပေါ်စရာ အကြောင်းကို မရှိတော့ဘူး။ မရှိဘူးလက်နက်နဲ့ ကိစ္စပြီးမယ်ဆိုရင် ဘာမှမဟုတ်ဘူးဆိုတဲ့ ပညတ်လက်နက် ဒီပညတ်နောက်က ပရမတ်ပရမတ်ကတော့ အတူတူပါပဲ။ ပညတ်ရဲ့ အစွမ်းသတ္တိချင်း မတူပါဘူး။ ဖြစ်ပျက်ဆိုတဲ့ ပညတ်ရဲ့နောက်က အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပရမတ်အတူတူပါပဲ မရှိဘူးဆိုတာ ပညတ်နောက်က ပရမတ်က အတူတူပါပဲ။ ဘာမှမဟုတ်ဘူးဆိုတဲ့ ပညတ်နောက်က ပရမတ်က အတူတူပါပဲ ကျောထောက်နောက်ခံ ကတော့အတူတူပါပဲ။ ဝေဒနာပဲ အသုဘပဲ ဖောင်းပိန်ပဲ ဆိုတဲ့ ပညတ်ရဲ့ နောက်က ပရမတ်က အတူတူပါပဲ။ ဘာကွာလဲဆိုရင် ပညတ်ကွာပါတယ်။ အဲဒီတော့ ပညတ်ရဲ့ အစွမ်းသတ္တိခြင်း မတူပါဘူး။ ကိုယ်ကတော့ ဖြစ်ပျက်ရဲ့ အစွမ်းသတ္တိက သိပြီ ဝေဒနာပဲ၊ အသုဘပဲက ကြားဘူးလှပြီ။ ဖောင်းပိန်ပဲ ဆိုတာက ကြားဘူးလှပြီ။ ထိ၊သိ၊သတိ၊ ဆိုတာလဲ ကြားဘူးလှပြီ။ ဘာမှမဟုတ်ဘူး ဆိုတာကတော့ ဒီပညတ် ကျတော့ မသုံးဘူးသေးဘူး။ မရှိဘူးဆိုတာလဲ ဦင်္းဇင်း သုံးနှစ်ကျော်လောက် ဟောခဲ့တာပါပဲ။ ဒါလဲ လိုရင်းမ ရောက်လို့ လိုနေသေးလို့ မှားတယ်တော့ မပြောပါဘူး။ မပြည့်စုံဘူး။ ဘာမှမဟုတ်တာမှ ပြည့်စုံပါတယ်။ ဘာမှမဟုတ်တာကျတော့ အဓိပ္ပါယ်က အင်မတန်ကျယ်သွားပါတယ်။ အနတ္တလိုပဲ၊ ဖြစ်ပျက်ဆိုတာ လေးကျတော့ ကျဉ်းနေသေးတယ်။ အဓိပ္ပါယ်တစ်လွဲ ယူစရာတွေများနေသေးတယ်။ ဘာမှမဟုတ်တာ ကျတော့ တစ်လွဲယူစရာမရှိအောင်ကို အင်မတန် (Side Effect) နည်းပါတယ်။ အင်မတန်အဓိပ္ပါယ် လေးနက်ပါတယ်။ ဘယ်လိုယူယူ ဘယ်လိုရှုထောင့်က ယူယူ ဘယ်လို အသိဥာဏ်နဲ့ယူယူ ကိုယ်ကတော့ မှန်ပါတယ်။ တိမ်တိမ်လေးယူရင်လဲ တိမ်တိမ်လေးမှန်ပါတယ်။ နက်နက်နဲနဲယူမယ် ဆိုရင်လဲ ပြောမကုန်အောင် မှန်ပါတယ်။ ဦးဇင်းတို့လဲဒီလိုပဲ အခုခေတ် ကိလေသာရောဂါနဲ့ တိုက်ပွဲဝင်ရတော့ ဖြစ်ပျက်ဆေးနဲ့ ကုတာပဲ။ မရှိဘူးဆေးနဲ့လဲ ကုခဲ့တာပဲ။ သူများတွေကုတဲ့ ဝေဒနာပဲ၊ အသုဘပဲ ဆိုတဲ့ ကုထုံးတွေလဲ လေ့လာခဲ့တာပဲ။ ဆရာတော်ကြီးတွေ သိစေချင်သလို မသိတဲ့အတွက် မှားတယ်လို့ မပြောပါဘူး။ မပြည့်စုံဘူး။ လိုနေတယ်။ အဲဒါကြောင့်မို့လို့ ဆေးနာမည်ပြောင်းမှဖြစ်မယ်ဆိုပြီး ပညတ်ဆေးကို ပြောင်းမှဖြစ်မယ် ဆိုပြီးတော့ ကြိုးစားပြီးတော့မှ ယောဂီတွေနဲ့ ဦးဇင်းကို ၀ိုင်းပြီးတရားမေးမြန်းတဲ့ အကြံပြုတဲ့ ဦးဇင်းနဲ့ဝိုင်းပြီးသာသနာပြုတဲ့ သာသနာပြုတယ်ဆိုတာ ဝေဖန်ရင်လဲ သာသနာပြုတာပါပဲ။ ပူးပေါင်းရင်လဲ သာသနာပြုတာပါပဲ။ ဆန့်ကျင်ရင်လဲ သာသနာပြုတာပါပဲ။ ဦးဇင်းကိုလက်ခံတယ်ဆိုတာကိုက ဦးဇင်းရဲ့တရားကို စိတ်ဝင်စားတယ်ဆိုတာက ဦးဇင်းနဲ့ပါတ်သက်တာပါပဲ။ အဲဒီလို ပါတ်သက်တာတွေ ပါတ်သက်တဲ့ယောဂီပေါင်းမြောက်များစွာနဲ့ ပူးပေါင်းပြီးတော့မှ ဖော်စပ် လိုက်တဲ့ ဘာမှမဟုတ်တဲ့ ပညတ်တရားပါ။ အလိုလိုပေါ်ပေါက်လာတာပါ။ သူ့ဟာနဲ့သူလုပ်စရာရှိတော့ သူ့ဟာနဲ့သူ ပါးစပ်က ထွက်စရာရှိတာ ထွက်လာပါတယ်။ အလိုလိုထွက်လာပါတယ်။ ဦးဇင်းလဲ အဲဒီလိုသုံးရင်းသုံးရင်းနဲ့ မှ ဒါက တစ်ကယ်ထိရောက်မှန်းသိတော့ ဒီဆေးတစ်လက်ပဲ ကိုင်တော့တယ်။ တစ်ခြားဆေးတွေမလိုတော့ဘူး။ ဘာကြောင့်လဲဆိုတော့ အစွမ်းသတ္တိခြင်းကကွာလို့ ကျန်တာတွေကိုပါ နားလည်မှ ဘယ်လိုကွာခြားတယ်ဆိုတာသိပါတယ်။ ဘာမှမဟုတ်တာကို နားမလည်ပဲနဲ့တော့ ဘာမှမဟုတ်တဲ့ ပညတ်ရဲ့အစွမ်းကို သိမှာမဟုတ်ပါဘူး။ ကိုယ်ကိုတိုင် အားကိုးကြည့်မှ သုံးစွဲကြည့်မှ …..။ ဒုတိယအဆင့် ဘာမှမဟုတ်တဲ့ ပညတ် ကိုယုံကြည်ရင်အားကိုးရင် တတိယအဆင့်မှာ ဖြစ်တာတွေရဲ့ ဘာမှမဟုတ်တာကို သိစပြုလာမယ်။ ဖြစ်တာတွေကို ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတဲ့ နိယာမအတိုင်း ပုံသေနည်းအတိုင်း သိနေရာက ဒါတွေကဘာမှမဟုတ်ပါလားလို့ ရိပ်မိလာလိမ့်မယ်။ ကြားတော့ကြား နေတာပဲ။ ဘာမှမဟုတ်ပါလားလို့ သိလာမယ်။ မြင်တော့မြင်နေတာပဲ။ ဒါပေမယ့် ဒါတွေက ဘာမှမဟုတ် ပါလားလို့ နားလည်စ ပြုလာမယ်။ အဲဒီတော့ စိတ်ထဲမှာ ဦးဇင်းတို့ တရားအားမထုတ်ခင်က ဒါမိန်းမပဲဆိုရင် မိန်းမပဲသိနေတာပဲ။ ယောက်ျားဆို ယောက်ျားပဲသိတာပေါ့၊ အဖေဆိုရင် မိဘကိုမိဘလို့သိတာပေါ့။ ညီကိုညီလို့ပဲ သိတာပေါ့၊ တခြားနည်းနဲ့ မသိပါဘူး။ သူငယ်ချင်းကို သူငယ်ချင်းလို့ပဲသိတာပါ။ ကကြီးကို ကကြီးလို့ပဲသိတာပါ။ လှေနံ ဓါးထစ်ပဲ သိတာပဲ။ နည်းနည်းလေးမှ သတ်မှတ်ချက်ထက် ပိုပြီးမသိဘူး။ ကိုယ်ပိုင်ဥာဏ်မရှိပါဘူး။ အေကို အေလို့ပဲ သိပါတယ်။ ဆွေမျိုးကို ဆွေမျိုးလို့ပဲ သိပါတယ်။ ဘာမှမဟုတ် ဘူးလို့ မရိပ်မိပါဘူး။ စားစရာကို စားစရာလို့ပဲ သိပါတယ်။ တရားအားထုတ်လိုက်တော့ အဲဒီလို ထုံးတမ်း အစဉ်အလာ အသိတွေ ကြားထဲမှာ ထုံးတမ်းအစဉ်အလာတွေ မဟုတ်တဲ့အလုပ်ကို လုပ်တဲ့အတွက် ထုံးအစဉ်အလာ မဟုတ်တဲ့အသိက အလိုလို ပေါ်လာတယ်။ ဘာမှမဟုတ်ပါလား။ ကိုယ်လုပ်တဲ့ အလုပ်တွေ ပေါ်မှာ စားနေရင်လဲ ဘာမှမဟုတ်တဲ့ တရားကို အားကိုးပြီး အနတ္တတရားကို အားကိုးပြီး စားတော့ စားနေတာကိုပါ ဘာမှမဟုတ်ပါလားလို့ ရိပ်မိလာတယ်။ စီးပွားရှာတော့လည်း အနတ္တအား ကိုးပြီး ရှာတော့ စီးပွားရေးဆိုတာ ဘာမှမဟုတ်ပါလားလို့ လူတွေမပြောတာကို စာအုပ်ထဲမပါတာကို နားလည်လာတယ်။ အလိုလို သိလာတယ်။ ကိုယ်လိုသူလို အသိကို စွန့်နိုင်ဖို့ အလိုလို သိလာတယ်။ ကိုယ်လို သူလိုအသိကို မစွန့်နိုင်ရင် စီးပွားရေးသမားက မသေမချင်းစီးပွားရေးသမားပဲဖြစ်နေတော့မှာပဲ။ စီးပွားစွဲ စွန့်နိုင်မှာ မဟုတ်ဘူး။ ဘာမှမဟုတ်ဘူးလို့ မရိပ်မိရင် စွန့်နိုင်မှာမဟုတ်တော့ဘူး။ လူမှုရေးအစွဲနဲ့ လူမှုရေးသာ လုပ်နေမှာပဲ။ဒီဘာမှမဟုတ်တဲ့အရေးကို လုပ်နိုင်စရာမရှိတော့ဘူး။ အံမကြိတ်နဲ့။ မာန်မတင်းနဲ့။ ကျန်းမာရေးလည်း ဒီလိုပဲ။ ဦးဇင်းတို့က လူမမာတွေ့လည်း သေခါနီးတွေ့လည်း သြော် သူများရဲ့အမြင်မှာ သေခါနီးပဲ သူများကတော့ ပုံသေနည်းပဲ တွေးတယ်။ ခွေးက မစင်ပုံကို စားစရာပဲလို့သိတယ်။ မစင်ပုံပါလား လို့မသိဘူး။ အမဲရိုးကို ကိုက်စရာပဲ သိတယ်။ ဘာမှမဟုတ်ပါလားလို့ မရိပ်မိဘူး။ တရားအားထုတ်လိုက်တော့ သူများ မပြောတာကို သိလာတယ်။ ဘာမှမဟုတ်ပါလားလို့ဆိုတာ အရာရာတိုင်းရဲ့ ဘာမှမဟုတ်တဲ့အမှန်တရားကို ရိပ်မိလာလိမ့်မယ်။ ကိုယ်ကအရာရာတိုင်းမှာ အချိန်ချိန်တိုင်းမှာ အခြေအနေတိုင်းမှာ တရားနှလုံးသွင်းရင် အရာရာတိုင်း အချိန်ချိန်တိုင်း ဘာမှမဟုတ်ဘူးဆိုတာ နားလည်လာတာ။ စိတ်ထဲမှာ လက်ခံလာနိုင်တယ်။ သြော် အနတ္တဆိုတာ ဘုရားဟောတယ်မှန်ပါလား ဆိုတာ လောကကြီး အင်မတန်မှားနေပါလားဆိုတာ ဘုရားမှန်တာ သိတော့မှ ကိုယ်မှားတာ ကိုယ်အပါအ၀င် လောက ကြီးမှားနေတာကိုသိတယ်။ ကိုယ်မှန်တယ် ထင်နေတုန်းကတော့ ဘုရားကိုလည်းနားမလည်ဘူး။ ကိုယ်လို ဘုရားမဟုတ်တာပဲ ဂရုစိုက်နေတယ်။ ဘုရားစကားနားထောင်တော့မှ ဘုရားကို ဆရာတင် လိုက်တော့မှ လူလောကထဲက ဆရာတွေကို စိတ်ကိုမ၀င်စားတော့တာ ကိုယ်ကိုတိုင်လဲ ဆရာ မဖြစ်ချင်တော့ဘူး။ နဂိုတုန်းကတော့ ပညာရေးစိတ်ဝင်စားတော့ ကိုယ့်ဆရာ၊ ဆရာမတွေကို ကိုယ်လဲဆရာဖြစ်ချင်တော့ ကိုယ်ဖြစ်ချင်တဲ့အတွက် စိတ်ဝင်စားနေတယ်။ ကိုယ်တန်ဖိုးထားနေတာ တစ်ကယ့်ဆရာအစစ်ကို မသိလို့ အတုကိုတန်ဖိုးထားနေတာ။ ချမ်းသာအစစ်ကို မသိလို့ နာမည်ခံ ချမ်းသာလေးကို တန်ဖိုးထားနေတာ ပညာအစစ်ကို မသိလို့ သတ်မှတ်ထားတဲ့ ပညာရေးကို အဟုတ်ကြီးမှတ် နေတာ အလိမ်ခံနေရတယ်။ မသိတဲ့လူချင်း လိမ်နေတာကို ကိုယ်ကလဲ မသိတော့ မရိပ် မိဘူး။ အစစ်ဘာမှန်း မသိတော့ အတုကို အစစ်လုပ်နေတာကို လုပ်တဲ့လူကိုယ်တိုင်ကလဲ မသိဘူး။ အလိမ်ခံရတဲ့သူကလဲ မသိဘူး။ လိမ်တဲ့ လူကလဲမသိဘူး။ ဒါပဲအဟုတ်ပဲ ဘုရားကဒါပဲဆိုပြီး ရွှေတိဂုံဘုရား ကိုဘုရားလုပ်နေတာ ကျိုက်ထီးရိုးဘုရား လုပ်နေတော့တာ၊ ဘုရားပရိတ်နိဗ္ဗာန်စံသွားပြီ ဆိုပြီးတော့မှ ကိုယ်နားလည်တာ ဘုရားလုပ်ပြီးတော့မှ ကိုယ်နားလည်တဲ့ ဘုရားကို ပရိတ်နိဗ္ဗာန်စံပြီ လုပ်တော့တာပဲ။ ဘုရားအစစ်ကိုမသိဘူး။ လူလဲမရှိဘူး။ လူးသားဘုရားလဲ မရှိဘူး။ ကိုယ်သိတာတွေကိုဘာမှမဟုတ်ဘူးလို့ နည်းနည်းမှမရိပ်မိဘူး။ အဲဒီတော့ ဒီစိတ်ရဲ့ ထုံးတမ်းအစဉ်အလာကိုချိုးတဲ့အလုပ်ကို လုပ်လိုက်တော့မှ စိတ်ရဲ့ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ ပြည့်ဝလာပါမယ်။ အဲဒီတော့ ဘာမှမဟုတ်ဘူးလို့သာ မပြတ်တရစပ် ဆုံးဖြတ်ချက်ချပါများရင် ကိုယ့်မှာဖြစ်တဲ့စိတ်ကို ဆန့်ကျင်ပါများရင် ဒီအလုပ်နှစ်ခု တစ်ခုခုကို မပြတ်တရစပ် လုပ်ပါများရင် ဘာမှမဟုတ်တာကို ရိပ်မိလာမယ်။ နာနေရင်လည်း ဘာမျှမဟုတ်ပါလား။ စားနေရင်လည်း ဘာမှမဟုတ်ပါလား သိတော့ အငတ်ပျောက်လာမယ်။ ၀လာတယ်။ ငတ်နေရင်မ၀ဘူး။ စားချင်နေရင် မ၀ဘူး။ စားနေတာကို စားစရာကို စားတဲ့ငါကိုရော ဘာမှမဟုတ်မှန်းသိလာတော့ အငတ်ပျောက်လာမယ်။ အဲဒီတော့ အငတ်ပျောက်လာတာကို မစားချင်တာကိုကပဲ ၀လာတာ။ စားနေရရင် ခွေးကအမဲရိုး ကိုက်နေရ သလို ဘယ်တော့မှ ကိုက်လို့မ၀ဘူး။ မကိုက်ချင်တော့မှ ၀သွားလိမ့်မယ်။ ဟောင်နေရရင် ဘယ်တော့မှ ဟောင်လို့ မ၀ဘူး။ မဟောင်တော့မှဝသွားမယ်။ အိပ်နေရရင် ဘယ်တော့မှ အိပ်လို့မ၀ဘူး။ တွေးနေရရင် ဘယ်တော့မှ တွေးလို့ မ၀ဘူး။ မ၀ဘူး ဆိုကတည်းက ငတ်နေတာပဲ။ ငတ်တယ်ဆိုကတည်းကိုက ဆင်းရဲတာပဲ။ ပူနေရရင် ဘယ်တော့မှပူလို့ ဆုံးမှာ မဟုတ်တော့ဘူး။ မဆုံးနိုင်အောင်ပူနေရတော့ ဘယ်တော့မှ အပူမကင်းတော့ဘူးပေါ့။ ပူစရာမရှိမှ အပူကင်းမှာ၊ မစားချင်တော့မှ ၀မှာ၊ မလိုချင်တော့မှ လိုလေသေးမရှိ ဖြစ်မှာ၊ လိုနေရင်အမြဲ လိုနေမှာပဲ။ တငါငါမလုပ်တော့မှ ကိုယ့်အတွက်ထည့်တွက်စရာမလိုအောင် ပြီးပြည့် စုံသွားလိမ့်မယ်။ တငါငါလုပ်နေလို့ကတော့ အမြဲတမ်း တငါငါပဲလုပ်နေရမယ်။ အဲဒီလို တငါငါချင်းပြဿ နာတက်နေတာ၊ အဲဒီတော့ ဘာမှမဟုတ်တာကို ရိပ်မိစပြုလာရင် အနတ္တမျိုးစေ့လေး အလိုလိုသိတဲ့ အသိ လေး ကိုယ့်ရဲ့ အနတ္တ စွမ်းအင်လေး အနတ္တ ကကြီး၊ ခခွေးလေး၊ အနတ္တအသိဥာဏ် ကကြီး၊ ခခွေးအဆင့်လေး ။ ကိုယ့်ရဲ့ နှလုံးသားထဲမှာ ဖြစ်လာပြီဆိုရင် အဲဒီအသိလေးကို တစ်မိနစ်လောက် ဆက်ကာ ဆက်ကာ ဖြစ်ဖို့ ကြိုးစားပါ။ အဲဒီအသိလေးကို ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့ သိပြီးတာပဲ မဟုတ်ဘူး။ အဲဒီ အသိလေးကို မြဲသွားဖို့ဆိုတာ ကိုယ်ပိုင်ရသွားဖို့ ဆိုတာ အခုကတော့ အများနဲ့ရော ယောင်ပြီးလုပ်လိုက်လို့ ဦးဇင်းစိတ်နဲ့ ရောယောင်ပြီးတော့မှ ပူးပေါင်းလိုက်လို့ ရောယောင်ပြီးတော့မှ ရသွားတာ။ တစ်ကယ်မပိုင်သေးဘူး။ တစ်ကယ်ပိုင်ဖို့ဆိုတာ အဲဒါတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ အရည်အချင်းလိုတယ်။ နှလုံးသားထဲမှာ နေရာယူပေးဖို့လိုတယ်။ တစ်ကယ်မြတ်နိုးဖို့ လိုတယ်။ အသက်ကိုမြတ်နိုးသလို ဘာမျှမဟုတ်ဘူးလို့ သိလာတဲ့ အသိလေးကိုလဲ မြတ်နိုးဖို့ ယုံကြည်ဖို့ တန်ဖိုးထားဖို့ လိုတယ်။ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုတယ်။ အဲဒါ ကိုယ့်ဟာကိုယ် စိတ်နဲ့ လေ့ကျင့်ရမှာပါ။ အမွေပေးလို့ မရဘူး။ ဘုရားက သူ့သားတော် ရာဟုလာကိုတောင် သူ့ရဲ့စိတ်ကို အမွေပေးလို့မရဘူး။ အဲဒီတော့ တောင်းယူလို့ မရတာကို တောင်းချင်မနေပါနဲ့တော့။ လုပ်စရာရှိတာလုပ်ပါ။ စိတ်ကိုလေ့ကျင့်ပါ။ ဘာမှမဟုတ်တာကို သိလာရင် အဲဒီအသိလေးကို ထိန်းသိမ်း စောင့်ရှောက်ပါ၊ ဆက်ခါဆက်ခါ သိဖို့………။ အကြောတွေကို လျှော့ထား မျက်မှောင်မကုတ်နဲ့ မျက်တောင်မခတ်နဲ့။ အံမကြိတ်နဲ့၊ မာန်မတင်းနဲ့။ အလေ့အကျင့်ပြုလုပ်ပါ။ ဘာမှမဟုတ်တာကို ဆက်ခါဆက်ခါ သိဖို့ အလိုက်သင့်ပဲ။ ကားမောင်းတာ ဘယ်လိုကားမောင်းကျွမ်းကျင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုရင် ဘယ်လိုမှ ပါးစပ်နဲ့ပြောပြလို့ မရဘူး။ ရေကူး ကျွမ်းကျင်ဖို့ဆိုတာ ရေကူးရင်ကျွမ်းကျင်မယ်။ ကားမောင်းကျွမ်းကျင်ဖို့က မောင်းပါများရင် ကျွမ်းကျင် သွားမယ်။ ဘယ်လိုမှ ပါးစပ်နဲ့ပြောလို့မရဘူး။ အဲဒီတော့ ဘာမှမဟုတ်တာကို သိလာတဲ့ အသိလေးကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်မလဲဆိုတာပဲ။ ကိုယ်ထိန်းသိမ်းရင် ထိန်းရင်ထိန်းနိုင်တယ်။ ကိုယ်မထိန်း ရင်မထိန်းနိုင်ဘူး။ ဒါဘယ်လိုမှ ပြောပြလို့မရဘူး။ လုပ်မှဖြစ်မယ့်ဥစ္စာကို စိတ်နဲ့လုပ်မှပဲ အဲဒီအရည်အချင်း မရှိရှိအောင် ကြိုးစားမှပဲ။ အဲဒီလိုကြိုးစားရင် ဘာမှမဟုတ်တာကို သိလာမယ်။ ဘာမှမဟုတ်တာ သိတယ်ဆိုတာ တစ်ခုခုမဟုတ်တာ တစ်ယောက်ယောက် မဟုတ်တာ၊ တစ်ချိန်ချိန် တစ်နေရာရာ မဟုတ်တာ ကိုသိလာမယ်။ ဖြစ်တာတွေရဲ့ ဘာမှမဟုတ်တာကို ဆက်ကာဆက်ကာ သိလာရင် အဲဒီလိုသိတဲ့ အသိလေး ကိုယ်၌ကအစ ဘာမှမဟုတ်မှန်းသိအောင် ကြိုးစားပါ။ သိနေတာလည်း ဘာမှ မဟုတ်ဘူး။ သိတာလည်း ဘာမှမဟုတ်ဘူး။ သိစရာလည်း ဘာမှမဟုတ်ဘူး။ သိတာလည်း ဘာမှမဟုတ် ဘူး။ အဲဒီတော့ ဘာမှမဟုတ်တာကို ဘာဆိုဘာမှ မဟုတ်တာကို ချွင်းချက်မရှိ သိအောင်ကြိုးစားပါ။ အားလုံးက ဘာမှမဟုတ်ဘူး။ ငါတစ်ယောက်ကလွဲရင် ငါဆိုတာလေးကို မချန်ထားပါနဲ့။ သိနေတဲ့စိတ် ကလေးကိုလည်း ဘာမှမဟုတ်တာကို ငါသိပါတယ် မလုပ်ပါနဲ့။ သိတဲ့ဘက်မှာပါ ငါမကျန်အောင် အပြတ်ရှင်းပါ။ ရှင်းရင်လဲ အပြတ်ရှင်းမှ တရားကဆိုလဲတရားနဲ့ ပီပြင်အောင် ကြိုးစားမှ နာမည်ခံ မဖြစ်ဖို့ ကြိုးစားမှ။ ဘာမှမဟုတ်ဘူးဆိုတဲ့ အသိလေး ကိုယ်၌ကအစ ဘာမှမဟုတ်ဘူးလို့ လက်ခံနိုင်ဖို့ကြိုးစား၊ ဆိုလိုတာက ငါသိတယ် ငါတတ်တယ် ငါနားလည်တယ် ငါလူကြီးပဲ ငါမိဘပဲ ငါ့ဆရာမလုပ်နဲ့ မလုပ်ပါနဲ့။ ငါသိတာ မဟုတ်ဘူး။ သိတဲ့စိတ်က သိတာပဲ။ အဲဒီလို လက်ခံနိုင်ဖို့ကြိုးစားပါ။ ငါလုပ်တာမဟုတ်ဘူး၊ ငါတရားအားထုတ်တာ မဟုတ်ဘူး။ အားထုတ်ချင်တဲ့ စိတ်ပေါ်တာပဲ။ အဲ့ဒီလို လက်ခံနိုင်ဖို့ ကြိုးစားပါ။ သိတာတွေကို ငါမလုပ်ပါနဲ့။ အဲ့ငါလုပ်ချင်နေတဲ့ အစွဲကို ဖြုတ်ပါ။ ဖြုတ်မှပြုတ်မှာ ကိုယ်ငါလုပ်ထားလို့။ ကိုယ်ငါလို့ယူလို့ ကိုယ်ထာဝရဘုရားလို့ယူလို့၊ ထာဝရဘုရား ကိုယ့်စိတ်ထဲမှာ ရှိနေတာ ကိုယ်လက်ခံ ထားလို့ရှိနေတာ ကိုယ်လက်မခံမှ မရှိတော့မှာပဲ ကိုယ်စိတ်ထဲက ထာဝရဘုရားကို ဘယ်စိတ်ပညာရှင်ကို သွားပြီးတော့မှ စိတ်ထဲက ထုတ်ပေးပါလို့ ပြောလို့မရဘူး။ ခွဲစိတ်ခိုင်းလို့မရဘူး။ ကိုယ်လက်ခံထားတာ ကိုယ်ထည့်ထားတာ ကိုယ်ပြန်ထုတ်မှ ရမယ်။ ကိုယ်ယုံကြည်မှု တည်ဆောက်ထားတာ။ ကိုယ်ပြန်ပြီးတော့ မှ ဖျက်ပစ်လို့ရမယ်။ ငါဆိုတဲ့ ထာဝရဘုရားကိုလည်း ၊ ငါဆိုတဲ့ အထင်အမှားကြီးကိုလည်း ကိုယ်လက်ခံ ထားတာ ကိုယ်ငါလုပ်ထားတာ၊ ကိုယ်ယူထားတာ ငါလို့ ကိုယ်ယူထားတာ။ ကိုယ်မှ စွန့်မှရမယ်။ ဘယ် ဘုရားကိုမှ စွန့်ခိုင်းလို့မရဘူး။ ကိုယ့်ဟာကိုယ်စွန့် ရမယ် ကိုယ့်အမှားကိုယ်စွန့်ရမယ်။ ကိုယ့်တာဝန် ကိုယ်ယူရမယ်။ အဓိပ္ပာယ်ရှိဖို့လိုပါတယ်။ အဲဒီလိုလုပ်မှ မပြတ်တရစပ်လုပ်ပါများမှ စိတ်လွတ်လပ်ရေး တိုက်ပွဲ နောက်တစ်ဆင့်မှာ ဘာမှမဟုတ်တာကို သိလာပါမယ်။ စတုတ္ထအဆင့်မှာ ၀ိပဿနာဥာဏ်အစစ် ရပါမယ်။ ဘာမှမဟုတ်တာလေးကို သိတာရောဖြစ်တာရော ဘာမှမဟုတ်တာကိုသိတဲ့ စိတ်စေတသိတ် ရုပ် အနတ္တစိုက်လာပါမယ်။ စိတ်ကဘာကိုမှ မသိတော့ဘူး။ ပထမတော့ တစ်ချက် နှစ်ချက်ပေါ့။ဘာကိုမှ သိတာမဟုတ်ဘဲနဲ့ ဘာမှမဟုတ်တာကိုသိတာ ဘာတွေ ညာတွေ တစ်ခုခု တစ်နေရာရာ တစ်ချိန်ချိန် ဆိုတဲ သတ်မှတ်ချက်တွေက စိတ်က လွတ်မြောက်နေတာ။ တစ်ခုခု တစ်ယောက်ယောက် မဟုတ်တာကို သိတာ တစ်ချိန်ချိန် တစ်နေရာရာ မဟုတ်တာကို သိတာ။ အဲဒီလိုသိလာရင် အဲဒီအသိလေးတွေကို ဆက်ကာ ဆက်ကာသိနေကြိုးစား။ သိရုံနဲ့ မပြီးပါဘူး။ အဲဒီလို သိနေတော့မှ အဲဒီ အသိလေးကို ၁၀ မိနစ်လောက် ဆက်တိုက်သိဖို့ ၁၀ မိနစ်လောက် မပြတ်တရစပ် သိဖို့ ကြိုးစားဖို့ လိုလာ ပြန်တယ်။ အဲဒီစွမ်းရည် သတ္တိရှိဖို့လိုပါတယ်။ အကြောတွေကို လျော့ထားပါ မျက်စိကို အသာ လေးမှိတ်ထားပါ၊ ဒါကိုယ်လေ့ကျင်ရမှာပဲ။ များများလေ့ကျင့်မှ ဘဲ။ ဦးဇင်းတို့လည်း များများလေ့ကျင့်ခဲ့လို့ စားရင်း၊ သွားရင်း၊ လာရင်း၊ပြောရင် ၊ ဆိုရင်၊ လုပ်ရင်း၊ ကိုင်ရင်း၊ နေရင်း ၊ ထိုင်ရင်း ၊ စားဖို့ ပြောနေတုန်း မှာလည်း ပြောဖို့အရေးမကြီးတော့ပဲ စားနေတုန်းမှာလည်း ၀ဖို့အရေးမကြီးတော့ဘဲ သွားနေတုန်းမှာ လည်းရောက်ဖို့ အရေးမကြီးတော့ဘဲ စာဖတ်နေတုန်းမှာလည်း ဘာပဲ ညာပဲသိဖို့ အရေးမကြီးတော့ဘဲ လုပ်နေကိုင်နေတုန်းမှာလည်း အလုပ်ပြီးဖို့ အရေးမကြီးတော့ဘဲ ဘာမှမဟုတ်တာသိဖို့ အရေးကြီး လိုက်ခြင်းပါ ဘာမှပြောစရာမလို ဖြစ်သွားခြင်းပဲ ဘာမှလုပ်စရာမရှိဖြစ်သွားခြင်းပဲ ဘာမှပူစရာမရှိဘူး ဘာမှတွေးစရာမရှိ ဘာမှပူစရာမလို ဘာမှသိစရာမရှိ ။ စိတ်က လွတ်လပ်ရေး ရသွားရလိမ့်မယ်။ စိတ်က ဆုံးရှုံနေတဲ့ အခွင့်အရေး ပြန်လည်ပြည့် ၀လာမယ်။ လေ့ကျင့်ရမှာပါ။ ဘာမှမဟုတ်တာ ဖြစ်တာရော သိတာရောကို ဖြစ်တဲ့ဘက်ရော သိတဲ့ဘက်ရောမှာ နှစ်ဖက်စလုံးမှာ ငါဆိုတဲ့ မကောင်း ဆိုးဝါး မကပ်တော့မှ ငါဆိုတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိ မရှိတော့မှ အယူစင်ကြယ်တော့မှ ၀ိပဿနာဥာဏ်စစ် ဖြစ်ပါတယ် စိတ်သက်သက် ဖြစ်ပါတယ်။ စင်ကြယ်တဲ့ ခန္ဓာငါးပါးဖြစ်ပါတယ်။ သူ့သဘော သူဆောင် ပြီးတော့မှ ပြုလုပ်မှုကင်းတဲ့ အတ္တကင်းတဲ့ ခန္ဓာငါးပါးစစ်စစ်ဖြစ်ပါမယ်။ အတ္တမကင်းဘူးဆိုတာက ဟိုသိ ဒီသိ ဟိုတွေး ဒီတွေး ဟိုကြောက် ဒီကြောက် ဟိုမျှော် ဒီမျှော် အဲဒါ အတ္တမကင်းတဲ့ ကိလေသာရောဂါ စွဲကပ်နေတဲ့ခန္ဓာငါးပါး ၊စိတ်စေတသိတ်ရုပ် အပျက်ကလေး စိတ်စေတသိတ်ရုပ် မကောင်းဆိုးဝါးလေး စိတ်စေတသိတ်ရုပ် ရောဂါသည်လေး။ ၀ိပဿနာဥာဏ်ဆိုတာ ရောဂါပျောက်နေတာ ခဏပျောက်နေတာ အမြစ်ပြတ်အောင် ပျောက်တာတော့ မဟုတ်သေးဘူး။ ခဏပျောက်နေတော့ စိတ်ကအလုပ်ကင်းနေတယ် အလိုကင်းနေတယ် သူဟာနဲ့သူ သူ့သဘောသူဆောင်နေတယ်။ အရက်နာကျသလို ၊ ဘိန်းနာကျသလို ၊ အငတ်နာကျသလို ၊ ကြက်နာကျသလို ခွေးနာကျသလို စိတ်နာကျနေတာက ၊ ဟိုစိတ်ဝင်စား ဒီစိတ်ဝင်စားဆိုတာက စိတ်နာကျနေတာ ဟိုကြောက်ဒီကြောက်ဆိုတာ စိတ်နာကြနေတာ စိတ်ကရောဂါ မကင်းတာ။ ကြောက်စရာ မရှိတာ ကြံဖန်ကြောက်နေတာ။ ဟိုလုပ်ဒီလုပ်ဆိုတာ လုပ်စရာမရှိတာကို ကြံဖန်ပြီးလုပ်နေတာ။ ဟိုပြော ဒီပြောဆိုတာ ပြောစရာမရှိတာ ကြံဖန်ပြီးပြောနေတာ စိတ်နာကျနေတာ။ လူတွေက ကြက်နာကျတာကိုဘဲ သိတယ်။ ကိုယ်စိတ်အနာကျနေတာကို မသိဘူး။ အဲဒီစိတ်တွေ ကင်းနေတာ စိတ်ကလေးက ပြုလုပ်ခြင်း ကင်းနေတာ သူ့သဘော သူဆောင်ပြီး သူ့ဟာနဲ့သူ အနတ္တသဘောနဲ့ သူဟာနဲ့ သူအသစ်အသစ်တွေ ဖြစ်နေတာ အတ္တကင်းနေတာ အနာကင်းနေတာ အဲဒါဝိပဿနာဥာဏ်စစ်စစ်။ ရှိတော့ရှိတယ် ဘာမှဖြစ်မနေဘူး။ ဖြစ်ရုံသက်သက်လေးဘဲ အဲဒီလို ၀ိပဿနာဥာဏ်စစ်စစ်ကို ၁၀ မိနစ်လောက် တစ်ဆက်တည်းဖြစ်အောင် ကြိုးစားဖို့လိုပါတယ။် အဲဒီလိုကြိုးစားနိုင်မှ ဖြစ်တာတွေကို မငြိတွယ်တာများတော့မှ ပြီးမြောက်တဲ့ မဂ်ဥာဏ် ဖိုလ်ဥာဏ်နဲ့ နိဗ္ဗာန်ချမ်းသာအစစ်ကိုသိပါမယ်။ အဲကျမှ စိတ်က သစ္စာလေးပါးအမှန်တရားကိုသိမှ နိဗ္ဗာန်ကို သိတော့မှ စိတ်ရဲ့ အခွင့်အရေး အပြည့်အ၀ တဒင်္ဂအားဖြင့် ရရှိပါတယ်။ ဘုရားရဟန္တာ ဖြစ်တော့မှ စိတ်ရဲ့ အခွင့်အရေးဟာ အမြဲရသွားမှာ အမြဲလွတ်လပ်ရေး ရသွားမှာပါ။ နိဗ္ဗာန်ကို သိရုံနဲ့ကတော့ ယာယီလွတ် လပ်ရေး ရပါသေးတယ်။ လွတ်လပ်ရေးရမှာတော့ သေချာပေမယ့် အမြဲရနေတာတော့ မဟုတ်ပါဘူး။ လုံးဝ အစွဲပြုတ်နေတာ စိတ်အနာကြီးက လုံးဝပျောက်သွားတာတော့ မဟုတ်သေးပါဘူး။ တစ်ချို့တစ်ဝက် ပျောက်တာပဲ ရှိပါသေးတယ်။ အဲဒီတော့ ဘာမှမဟုတ်တာကို ပညတ်ကတစ်ဆင့် ပရမတ်ကို သိဖို့ ကြိုးစားပါ။ ဘာမှမဟုတ်တဲ့ အမှန်တရားကို မြတ်နိုးပါ။ ဘာမှမဟုတ်တာကိုကာကွယ် စောင့်ရှောက်ပါ။ အသက်အိုးအိမ်စည်းစိမ်တွေ မဟုတ်ဘူး။ ဒါတွေက စောင့်ရှောက်လို့ကို ဘာမှအဓိပ္ပါယ်မရှိလို့ကို စောင့်ရှောက်လဲ သေမှာပဲ မစောင့်ရှောက်လဲ သေမှာပဲ။ ဦးဇင်းတို့က ပစ်ထားလိုက်တာပဲ ပြောချင်ရာ ပြောဆိုပြီး ကိုယ့်ကိုကိုယ် လူ့အခွင့်အရေးကို အဆုံးရှုံးခံ လိုက်တော့တာပဲ။ ပြောချင်တာပြော စိတ်ကို မ၀င်စားတော့ဘူး။ လုပ်ချင်တာလုပ် ဘာမှမတုန့်ပြန်တော့ဘူး။ ထင်ချင်သလိုထင် စိတ်ထဲမှာ ဘယ်လိုမှ မခံစားတော့ဘူး။ ကိုယ့်ကိုကိုယ်လဲ ဘယ်လိုမှ မထင်ဘူး။ သူများကိုလည်း ဘယ်လိုမှ မထင်ဘူး။ အဲဒါကိုက လွတ်မြောက်နေတာ အဲဒီတော့ ချမ်းသာတယ်။ ဘာမှမဟုတ်တာတွေကို ဘယ်လိုမှ သဘောမထားရတာ ချမ်းသာတယ်။ ဘာမှမဟုတ်တာကြီးကို ကြောက်စရာကြီး ချစ်စရာကြီး သူတော်ကောင်းကြီးဆိုပြီး ဘာကောင်ညာကောင်ကြီးဆိုပြီးလုပ်နေရတာ ဆင်းရဲတယ်။ ဘာမှမဟုတ် တာကို ဘာမှမဟုတ်သလို မှန်မှန်ကန်ကန် သဘောထားရတာ အေးချမ်းတယ် ပူစရာမရှိဖြစ်တယ်။ ဒါက အလုပ်မှ အလုပ်နဲ့မှသိနိုင်မယ့်တရားပါ။ လက်တွေ့ပြုလုပ်မှ ပိုင်ပိုင်နိုင်နိုင်သိပါမယ်။ အလုပ်နဲ့ ဟောတဲ့တရားပါ။ အလုပ်နဲ့မှသိပါမယ်။ မှတ်ဥာဏ်နဲ့ဟောတဲ့တရားကို ဦးနှောက်နဲ့ဟောတဲ့တရားကို ကိုယ်ကလဲဦးနှောက်နဲ့မှ နားလည်နိုင်မယ်။ ဦးဇင်းကတွေးလုံး ကြံလုံးနဲ့ပြောရင် ကိုယ်ကလဲ ဟိုတွေး ဒီတွေးနဲ့ နားလည်နိုင်စရာရှိတယ်။ အဲဒီတော့ ဦးနှောက်လက်နက်ကို ချပြီးတော့မှ နှလုံးသားနဲ့ ဟောတဲ့ တရားကို ဦးနှောက်နဲ့ နားမလည်နိုင်ပါဘူး။ အဲဒီတော့ကိုယ့်ရဲ့ဦးနှောက်အစွဲ ဖြုတ်ပါ။ ငါသိ ငါတတ် ကိုယ်နားလည်တဲ့ အသိတွေက ဦးနှောက်အသိတွေ အဲဒီအသိတွေကိုစွန့်ပါ။ အဲဒါမှ နှလုံးသားအသိ ထိုးထွင်းအသိ ပေါ်လာပါမယ်။

No comments: