14.9.07

ငါ သိထားတဲ့  စာထဲကတရား၊ လူပြောသူပြောတရားတွေကို စွန့် လွှတ်ပါ။

ငါ သိထားတဲ့  စာထဲကတရား၊ လူပြောသူပြောတရားတွေကို စွန့် လွှတ်ပါ။ Listen online or download the MP3 @: http://venuottamasara.multiply.com/music/item/624 01 20070410CC 52 First, [in burmese] ဆရာတော်ဦးဥတ္တမသာရ၏ ပထမဆုံးဖွင့်လှစ်သော ထူးထူးခြားခြား မူဆလင်ဘာသာဝင်တဦးက ၅၂လမ်းတွင်အခန်းသစ်၎ခန်းနှင့် ရေ၊မီးအပြည့်အစုံ ကူညီလှူဒါန်းသော သင်္ကြန်၁၀ရက်တရားစခန်း မှ ပထမရက်တရား။ စာဖတ်တယ်ဆိုကတည်းက စာရေးသူကို လက်ခံပြီ။စာရေးဆရာကို လက်ခံရင် စာဖတ်သူလက်ခံတာဘဲ။ တရားဟောသူကို လက်ခံတယ်ဆိုတာ ကိုယ့် ကိုကိုယ် ငါ ဆိုတဲ့ အတ္တကို လက်ခံတာဘဲ။ ဒီပွဲစားတွေကို အားမကိုးနဲ့ ။ စိတ်စေတသိတ်၊ရုပ် အစစ်က ဘာနံမယ်မှ ခံပြီးတော့ မှ နံမယ်တလုံးနဲ့ နေတာ မဟုတ်ဘူး။ လူ့ လောကထဲမှာ နံမယ်တလုံးနဲ့ မာန်တက်နေတဲ့  ကိုယ့်ရဲ့  အရူးအကန်းစိတ်ကို စွန့် လွှတ်ပါ။ တကယ့် စိတ်အစစ်က တဖျတ်ဖျတ်နဲ့  အင်မတန်အစွမ်းထက်ပါတယ်။ စေတသိတ် ဆိုတာကလဲ တဖျတ်ဖျတ်နဲ့ ပြောတာကမှ နှေးနေအုံးပါမယ်။ တမှတ်ထဲမှတ်နေတာဘဲ။ တခံစားထဲ လိုက်ခံစားနေတာဘဲ ။လိုက်ပြီးတော့ စေ့ စော်နေတာဘဲ။ တရားကဟိုလိုပဲ ..ဒီလိုပဲ …ဆိုတဲ့  ငါ သိထားတဲ့  စာထဲကတရား၊ လူပြောသူပြောတရားတွေကို စွန့် လွှတ်ပါ။ အခုဟာက ငါမရှိတဲ့ ၊ငါမသိတဲ့  တရားကို ဟောနေတာပါ ။ ကိုယ်သိတဲ့ ဗုဒ္ဓဘာသာတရားလဲ မဟုတ်ဘူး..ဘုရားဟောလို့ ဘုရားရဲ့  တရားလဲမဟုတ်ဘူး ။ တရားရဲ့ ပိုင်ရှင်ကဘယ်သူမှမရှိဘူး။ သဘာဝတရား။ ဘုရားဆိုတဲ့  အထည်ကိုလက်ခံ၇င် ကိုယ်ကိုကိုယ် လဲ ငါ ဆိုတဲ့ အတ္တကို လက်ခံတာဘဲ ။ အဲ့ အသိတွေကို စွန့် လွှတ်ပါ။ ဦးဇင်းက အတ္တကိုစွန့် နိုင်လို့  အနတ္တတရားကို ဟောလို့ ရပါတယ်။ အဲ့ တော့ ကိုယ်ကအတ္တနဲ့ အနတ္တကို အံတုဘို့ မကြိုးစားပါနဲ့ ။ အတ္တနဲ့ အနတ္တကို အံတု၇င် ဒေ၀ဒတ်လို ဘုရားကို အံတုတာပါဘဲ ။ ကိုယ်သိထားတဲ့ တရားလေးက ဘယ်သူသိတာလဲ ဆိုတော့ ငါ ဆိုတဲ့  အတ္တစိတ်နဲ့  သိတာ။ ဘယ်သူဖတ်တာလဲ ဆိုတော့ ငါ ဖတ်တာ။ ဘယ်သူလေ့ လာထားလဲ ဆိုတော့  ငါ လေ့လာထားတာ။ အခုဦးဇင်းပြောတာက ငါစွဲဖြုတ်နိုင်လို့ သိတဲ့ တရား။ လေမုန်တိုင်းတိုက်တာ အနတ္တပါ။ မိုးကြိုးပစ်တာ အနတ္တပါ။ မြေငလျင် လှုပ်တာ အနတ္တပါ။ ဆူနာမီရေလှိုင်းတွေက အနတ္တပါ။ အနတ္တကို American အစိုးရတောင် အရှုံးပေးရပါတယ်။ ဒီတော့ ကိုယ်က အံတုဘို့ မကြိုးစားပါနဲ့ ။ သဘောလေး သက်သက်ကိုသာလက်ခံပါ။ ဝေဒနာကို စိတ်ေ၇ာက်နေတယ်ဆို လဲ နာတယ်၊ကျင်တယ်၊ကိုက်တယ်၊ခဲတယ်မသိနဲ့ ။ ငါရောဂါသယ်လို့ မသိနဲ့ ။ခံစားရုံသက်သက်လေးဘဲ။ ခံစားတဲ့ သဘောလေးဘဲ။ မပြတ်တရစပ် ရှိနေတာဘဲ ။ဒါကို အလိုလိုက်နေလို့ အဆုံးမရှိတဲ့  စား၊၀တ်၊နေေ၇း ပြဿနာတွေနဲ့  အို၊နာ၊သေဘေး ပြဿနာတွေနဲ့ ကြုံတွေ့ နေရပါတယ်။ ကိုယ့် သမုဒယကြောင့် ဖြစ်ရတဲ့ ဒုက္ခပါ။ ဝေဒနာကို ငါ လုပ်နေတာ ငတ်ချင်လို့ ဘဲ။သေချင်လို့ ဘဲ။ ဘယ်တော့ မှ အဆုံးမရှိအောင် ဒုက္ခရောက်နေတာကြီးကို ငါ ၊ ငါ့ ဥစ္စာ အဖြစ် သိမ်းပိုက်လိုက်တာ ဒုက္ခေ၇ာက်ချင်လို့ ဘဲ ။ပုံကြီးမချဲ့ နဲ့ ။ နာတယ်ဆိုရင် ပုံကြီးချဲ့ ဘီ။အမြဲတမ်း ပုံကြီးချဲ့ တာ အကျင့် ပါနေတော့ နာတာလေးကို တစိပ်ကို တအိတ်လုပ်လိုက်တာ။ သူ့ သဘောအတိုင်းသူ ဖြစ်နေတာ။ ကြားရုံလေးကြားနေတာ။ ဘာပြောတယ် ညာပြောတယ် ဆိုတာ ပုံကြီးချဲ့ လိုက်တာ။ ခံစားရုံလေး ခံစားနေတာ ။ နာတယ်၊ကျင်တယ်၊ကိုက်တယ်၊ခဲတယ်…ဆိုရင်..ဘောလုံးသမားတွေလို ပုံကြီးချဲ့ လိုက်ပြီ။ အကြံအဖန်လုပ်လိုက်ပြီ။လူ့ လောကကြီးက ပုံကြီးချဲ့ တတ်တာပါ။ကိုယ်ကပုံကြီးချဲ့ တတ်တဲ့ လူ့ လောကကြီးထဲက ထွက်လိုက်ပါ……..more ... http://venuottamasara.multiply.com/music/item/626 20070410CC 52 3 Breaking Custom ထုံးတန်းစဉ်လာကိုချိုးခြင်း။ ထုံးတန်းစဉ်လာကို ချိုးပြီးတော့ မှ မူဆလင်ဘာသာဝင် တဦးက သူပိုင်အခန်းတွေကိုေ၇၊ မီးအပြည့်အစုံနဲ့ ၊ အခမဲ့ ကူညီလို့ ဖြစ်လာတဲ့  ရိပ်သာပါ။ထုံးတန်းစဉ်လာကို ချိုးပါ။ထုံးတန်းစဉ်လာဆိုတာ ချိုးဘို့ ။ ဒီရိပ်သာဟာ ထုံးတန်းစဉ်လာကို လိုက်နာနေရမဲ့ နေရာ မဟုတ်ပါဘူး ။ထုံးတန်းစဉ်လာကို လိုက်နာနေမယ်ဆိုရင် ဒီရိပ်သာ လဲဖြစ်မလာတော့ ဘူး။ဒီတော့  မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး။ လုပ်ချင်ရင် ဘာမဆို ဖြစ်တယ်။မဆိုင်ဘူးဆိုတာလဲ ဘာမှမရှိဘူး..ကိုယ်ဆိုင်ချင် ဆိုင်တာဘဲ မဆိုင်ချင်တော့ လဲ မဆိုင်တော့ ဘူးဘဲ။ ဘာမှမဟုတ်သလို နေပြီးတော့ မှ ယောဂီဆိုတဲ့  ထုံးတန်းစဉ်လာကို ချိုးပါ။ယောဂီဆိုတာ ယောဂီလို နေရတယ် ..်သီလဆောက်တည်နေရတယ်… ဒါတွေက အဓိကမဟုတ်ပါဘူး .. ဘာမှမဟုတ်တဲ့ စိတ်နဲ့ ဆိုရင် ဘာလုပ်တာ ညာလုပ်တာ အရေးမကြီးပါဘူး …တငါငါနဲ့ လုပ်..မလုပ် ကသာ အရေးကြီးပါတယ် ။ ကိုယ့် စိတ်ကို စည်းကမ်းနဲ့  ထိမ်းနေရင် လိုရင်းမေ၇ာက်သေးပါဘူး ။ စည်းကမ်းဆိုကတည်းက ယောဂီတွေ အတွက် …လူပုဂ္ဂိုလ်တွေ အတွက်သတ်မှတ်တဲ့ စည်းကမ်းပါ ။ ဦးဇင်းတို့  လဲ ဘယ်ထုံးတမ်းစဉ်လာကို လိုက်ပြီးတော့မှ သာသနာပြု တာမဟုတ်ဘူး။ ဘုရားရဲ့  ထုံးတမ်းစဉ်လာဘဲလိုက်နာတယ် ။ ဘုရားရဲ့ တပည့်သား ဆရာတော်ကြီးတွေရဲ့  ထုံးတမ်းစဉ်လာဘဲ..ကောင်းတဲ့ ထုံးတမ်းစဉ်လာဘဲ လိုက်နာတယ်။ မကောင်းတာတွေကို အကုန်စွန့် တယ်။့ ထုံးတမ်းစဉ်လာဘဲ လိုက်နာတယ်။ ဟိုလိုမှ..ဒီလိုမှ..၇ိပ်သာဆိုတာ ဟိုနေရာမှာမှ..ဟိုလိုဖြစ်ရမှ ဒီလိုဖြစ်ရမှ.. /ဟိုလို ဖြစ်တာလဲ လူဘဲ …ထုံးတန်းစဉ်လာ ကိုချိုးသွားလို့ ဟိုလိုဖြစ် ဒီလိုဖြစ်သွားတာ ..ဘာမဆို အကုန်ချိုးရမှာဘဲ ..အဲ့ ဒါမှ နိဗ္ဗန်ဆိုတဲ့ အောင်ပွဲ ကို ခံလို့ ရမယ်။ ထုံးတမ်းစဉ်လာကို လိုက်နာနေလို့ ကတော့ ထုံးတမ်းစဉ်လာရဲ့  ၃၁ဘုံထဲက ထွက်ပေါက်ကို ရှိမှာမဟုတ်ဘူး ။ မျက်စိကို အသာလေးမှိတ်ထားပါ။တကိုယ်လုံးမှာရှိတဲ့ အကြောတွေ လျှော့ ထားပါ။ ခါးကိုမတ်မတ်ထား။ ခေါင်းကိုမတ်မတ်ထား။ မျက်မှောင်မကုတ်နဲ့ ၊မျက်တောင်မခပ်နဲ့  ၊ အံမကြိတ်နဲ့  ။ တရားက စွန့် လွှတ်ခြင်းပါ ။သိမ်းပိုက်စရာဘဲဆိုပြီး သိမ်းပိုက်တာ မတရားပါ ။

No comments: